မေလ ၆ရက်နေ့တွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ထိုင်းအရှေ့မြောက်ပိုင်းတို့တွင် ငလျင်လှုပ်ခတ်မှု ၁၀ ​​ခုရှိ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ပြင်းအား ၁ ဒသမ ၃ မှ ၃ ဒသမ ၀ ရှိ အပျော့စားငလျင် ၁၀ ကြိမ်အား မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတို့တွင်မေလ ၆ ရက်နေ့ နံနက်ပိုင်းက မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ သိရသည်ဟု The Nation သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတွင် လှုပ်ခတ်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြေငလျင်စောင့်ကြည့်ရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။


ပထမငလျင်သည် နံနက် ၁ နာရီ ၁၇ မိနစ်တွင် Lampang ခရိုင် Ban Sa မြို့နယ် Chae Hom ဒေသတွင် ပြင်းအား ၁.၃ နှင့် အနက် ၁ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်။ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၁၈.၅° နှင့် အရှေ့လောင်ဂျီတွဒ် ၉၉.၅၈၃° တွင် တည်ရှိသည်။ မယ်ဟောင်ဆောင်ခရိုင် ပန်မာဖာမြို့နယ်ထမ်လော့ဒေသတွင် နံနက် ၁ နာရီ ၂၇ မိနစ်တွင် လှုပ်သွားသောငလျင်မှာပြင်းအား ၁ ဒသမ ၃ နှင့် အနက် ၁ ကီလိုမီတာတွင် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ်၁၉.၅၆၈° နှင့် အရှေ့လောင်ဂျီတွဒ် ၉၈.၃၅၉° တွင် တည်ရှိသည်။

တတိယငလျင်မှာ နံနက် ၁ နာရီ ၃၆ မိနစ်တွင် ဘွန်တန်ခရိုင် သုဝဏ္ဏခဟာမြို့တွင်၊ ပြင်းအား ၃.၀နှင့် အနက် ၄ကီလိုမီတာဖြစ်သည်။ ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၁၇.၅၈၂° နှင့် အရှေ့လောင်ဂျီတွဒ် ၁၀၂.၁၅၃° တွင် တည်ရှိသည်။ အဆိုပါလှုပ်ခတ်မှုကို ဒေသခံများက ခံစားခဲ့ရကြောင်း သိရသည်။သတင်းဖော်ပြချိန်အထိ ထိုင်းနိုင်ငံအတွင်းအပျက်အစီးသတင်းများ မရှိသေးကြောင်း အဆိုပါဌာနက ပြောသည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များမှတစ်ဆင့် ပြည်သူများအား အသိပေးရန်၊ ၎င်းတို့၏ နေအိမ်နှင့် အဆောက်အအုံများ၏ တည်ဆောက်ပုံဆိုင်ရာ ကြံ့ခိုင်မှုကို စစ်ဆေးရန်နှင့် မရှိမဖြစ် အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ပြင်ဆင်ထားရန် ဌာနက တိုက်တွန်းထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *