မဲဆောက်သေနတ်သမား နောက်ဆက်တွဲသတင်း

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မဲဆောက်မြို့လယ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခဲ့

တာ့ခ်ခရိုင် မဲဆောက်မြို့နယ် လမ်းမများပေါ်တွင် ပြောင်းရှည် ပစ္စတိုသေနတ်တစ်လက်ဖြင့်အကြိမ်ကြိမ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးကို မေလ ၆ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု Bangkok Pst သတင်းကဖော်ပြသည်။ အနုဖန်ဟု အမည်ရသော အသက် ၄၃ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်း၏ မွမ်းမံပြင်ဆင်ထားသော သေနတ်ကို သိမ်းဆည်းကာ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အစိုးရ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အတည်ပြုပြောကြားသည်။


နောက်ပိုင်းတွင် တာဝန်ရှိသူများက သံသယရှိသူအား မဲဆောက်ရဲစခန်းတွင် စစ်ဆေးမေးမြန်းမည်ဖြစ်ပြီး အများပြည်သူနေရာများတွင် ပစ်ခတ်မှုနှင့်ပတ်သက်သည့် လက်နက်ကျူးလွန်မှုများ ပါဝင်ဖွယ်ရှိကြောင်း အခြားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မစ္စတာ အနုဖန်သည် ၎င်း၏ ပစ်ကပ်ထရပ်ကားဖြင့် မဲဆောက်မြို့သို့ရောက်ရှိလာပြီး နံနက် ၈ နာရီခန့်တွင် မြို့လယ်တွင် ရပ်နားခဲ့သည်။ ထို့နောက် မဲဆောက်မြို့နယ် စည်ပင်သာယာရေးရုံးအနီးရှိ Shell ဓာတ်ဆီဆိုင်သို့ ဝင်ရောက်ထွက်ပြေးသွားပြီးနောက် လမ်းများတစ်လျှောက်သေနတ်ဖြင့်အချက်ပေါင်းများစွာစတင်ပစ်ခတ်ခဲ့သည်။

မဲဆောက်မြို့ခံများအား ယင်းနယ်မြေကိုရှောင်ရန် သတိပေးချက် ထုတ်ပြန်ထားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သေနတ်သမားကိုဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ဓာတ်ဆီဆိုင်အတွင်းမှလုံခြုံရေး အရာရှိများအား ပစ်ခတ်သဖြင့် ရဲကပြန်လည်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယခုသတင်းဖော်ပြချိန်တွင် အဆိုပါနေရာ၌ထိုင်းရဲတပ်ဖွဲ့ဝင်များဖြန်ကျက်ချထားကြောင်းသတင်းရရှိသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *