လူသားချင်းစာနာမှုအကြောင်းပြချက်အောက် ဖုံးကွယ်ထားမှု

လူသားချင်းစာနာမှုအကြောင်းပြချက်အောက် ဖုံးကွယ်ထားမှု

အိမ်နီးချင်းနိုင်ငံများနှင့် ဒေသဆိုင်ရာအက်တာများသည် မြန်မာ့နွေဦးတော်လှန်ရေးကို ပျက်ပြားစေရန် မြေငလျင် ကယ်ဆယ်ရေးကို အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ဘက်မလိုက်သည့်အသွင်ဖြင့် ပြန်လည်အသက်သွင်းရန် မည်သို့မည်ပုံကြိုးပမ်းနေကြသနည်း


ရေးသားသူ – Igor Blazevic

ငလျင်ကြီးမဖြစ်မီ ဒေသတွင်းနိုင်ငံများ၏ မဟာဗျူဟာပြောင်းလဲမှု

ငလျင်ကြီးမလှုပ်မီကပင် (လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ခြင်းမရှိပဲ) အဓိကနိုင်ငံအချို့ (အထူးသဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ) တို့သည် ပြိုကျနေသော စစ်အာဏာရှင်များကို ကျားကန်ပေးရန် ရည်ရွယ်သည့် မူဝါဒ ဆုံးဖြတ်ချက်များ ချထားပြီးဖြစ်သည်။ (ထိုင်းနိုင်ငံ၏ အခြေအနေတွင် စောင့်ကြည့်ရမည့် အဓိကပုဂ္ဂိုလ်မှာ သက်ဆင်ရှင်နာဝပ်ဖြစ်သည်။)

၎င်းတို့၏ချဉ်းကပ်မှုတွင်-

• သံတမန်ဆက်ဆံရေး

• အကန့်အသတ်ရှိသော အကူအညီများ (သံတမန်ရေးနှင့် စီးပွားရေး—“ဆု”ပေး)

• တော်လှန်ရေးအင်အားစုများအပေါ် ဖိအားများ (“ဆု” ပေးခြင်းမရှိ၊ “ဒဏ်” သာပေး)

• မြန်မာနိုင်ငံ၏ နိုင်ငံတော်၊ နိုင်ငံရေးနှင့် စီးပွားရေးအပေါ် စစ်တပ်က ဆက်လက်လွှမ်းမိုးထား နိုင်ရေးအတွက် တရားဝင်မှုမျက်နှာစာဖန်တီးရန် အတုအယောင်ရွေးကောက်ပွဲများအတွက် တွန်းအားပေးမှု။

အဲဒီပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကတော့—

• အာဏာအစုအဝေးရဲ့ အာဏာပိုင်စနစ်နဲ့ စိတ်ဓာတ်ကိုသဘောတူမှုရှိခြင်း၊ ဒီမိုကရေစီတော်လှန်ရေး /နိုင်ငံရေးအဖွဲ့ အစည်းများထက် “ရင်းနှီးပြီးသားအာဏာရှင်များ” ကိုပို စိတ်ချခြင်း

• မြန်မာစစ်တပ်နဲ့ တာဝန်ရှိသူအချို့တို့နဲ့ နှစ်ပေါင်းများစွာပူးပေါင်းနေကြသောအကျိုးစီးပွားအပေါ် အခြေခံသည့်သဘောတူညီမှုများ

• မြေပြင်ပေါ်တွင်ဖြစ်ပျက်နေသောအခြေအနေကို မှန်မှန်ကန်ကန်နားလည်နိုင်ခြင်းမရှိပဲ၊ ပြည်သူလူထု ၏ဆန္ဒကိုလည်း လုံးဝလျစ်လျူရှုခြင်း

အာဏာသိမ်းပြီးနောက်သုံးနှစ်အတွင်း မြင်တွေ့ခဲ့ရသော “စောင့်ကြည့်သည့် နည်းလမ်း” မှ တဖြည်း ဖြည်းပြောင်းလဲကာ အီလစ်အုပ်စုများအကြား သဘောတူညီချက်တစ်ရပ် ( ‘လူတိုင်းပါဝင် သည့် ဆွေးနွေးပွဲ’ ဟုတံဆိပ်တပ်ထားသည်) ဖြင့် စစ်တပ်အုပ်ချုပ်ရေးကို ထိန်းသိမ်းကာ ‘တည်ငြိမ်မှု’ ပြန်လည်ရယူရန် ကြိုးပမ်းမှုတစ်ရပ်သို့ တိတ်တဆိတ် ရွေ့လျားလာနေခြင်းသည် တော်လှန်ရေးလှုပ် ရှားမှုအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာခဲ့ပါသည်။

သို့သော် ထိုသို့ပြောင်းလဲလာမှုသည်တော်လှန်ရေး၏အရှိန်အဟုန်ကို ပြန်ပြောင်းနိုင်ခဲ့ခြင်းမရှိပေ။ အရင်းအမြစ်နည်းပါးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ဖြေးဖြေးမှန်မှန် ရှေ့ဆက်ထိုးစစ် ဆင်တိုက်ခိုက်နိုင်လာပြီး စစ်အာဏာရှင်တို့သည် သိသိသာသာ ရှုံးနိမ့်လာနေသည်။

သို့သော်၊ မကြာသေးမီကလှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် တော်လှန်ရေး၏ အရှိန်အဟုန်ကိုမလွှဲသာ မရှောင်သာ နှောင့်နှေးစေခဲ့သည်။ အတိအကျပြောရလျှင် တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူတို့အပေါ် စိုးရိမ်ပူပန်ကြပြီး တာဝန်ခံမှုအပြည့်အဝရှိကြခြင်းကြောင့် ဖြစ်သည်။ ဤကပ်ဘေးအန္တရာယ်ကြောင့် စစ်အာဏာရှင်တို့အတွက် အလွန်လိုအပ်သော အသက်ရှုချိန်တစ်ခုကို ရရှိစေခဲ့သည်။စစ်တပ်သည် ဤအခိုက်အတန့်ကို အောက်ပါအတိုင်းအသုံးပြုနေပါသည်။

• အကူအညီရသည့်အရင်းအမြစ်များကို သိမ်းဆည်းထိန်းချုပ်ခြင်း
• တပ်ဖွဲ့များကို ပြန်လည်အားဖြည့်ခြင်း နှင့် ပြန်လည်လက်နက်တပ်ဆင်ခြင်း
• အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းအား တိုးမြှင့်လုပ်ဆောင်ခြင်း
• လူအင်အားနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို ပြန်လည်တည်ဆောက်ခြင်း

ပို၍စိုးရိမ်ဖွယ်ကောင်းသည်မှာ ငလျင်ကြီးကြောင့် စစ်အာဏာရှင်စနစ်ပြန်လည်အသက်ဆက် လာနိုင်ခြင်းတွင်အကျိုးစီးပွားရှိသူနိုင်ငံများနှင့် သက်ဆိုင်သူများအား “လူသားချင်းစာနာ ထောက်ထားရမည့်တာဝန်” ဟုခေါ်သည့် အကြောင်းပြချက်သစ်တစ်ခုရလိုက်ခြင်း ဖြစ်သည်။ နိုင်ငံ၏အလယ်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် ချုပ်ကိုင်ထားနေနိုင်သေးပြီး နိုင်ငံ၏ အစိုးရအဖွဲ့အစည်းများအပေါ်တွင် ချုပ်ကိုင်ထားနေသေးသော စစ်အာဏာရှင်တို့အား ၎င်းတို့ ဆက်လက် ထိတွေ့ဆက်ဆံမှုနှင့် ထောက်ပံ့ပေးနေမှုကို အကြောင်းပြချက်ရခဲ့ခြင်းဖြစ်သည်။
—————————-
စစ်အာဏာရှင်ကို ပုံမှန်ဖြစ်စေတဲ့ ဇာတ်ကြောင်းများ လွှမ်းမိုးနေပါသည်။

ငလျင်ကြီးလှုပ်ပြီးနောက်တွင် နွေဦးတော်လှန်ရေးကြီးအောင်မြင်မည်ဟု မယုံကြည်ဖူးသော၊ လွတ် တော်လှန်ရေးတိုက်ပွဲများတွင် အဓိပ္ပါယ်ရှိစွာပါဝင်ကူညီခဲ့ကြခြင်းလည်းအလျဥ်းမရှိသော အကျိုးစီး ပွားအုပ်စုလေးခုသည် စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံမှု ပြန်လည်စတင်ရန် သို့မဟုတ် ချဲ့ထွင်ရန် အခွင့်အလမ်းကို ရယူခဲ့သည်။
အဓိပ္ပာယ်ရှိသည့် မည်သည့်စံနှုန်းအောက်တွင်မှရှိမနေသော စစ်အာဏာရှင်တို့အား “လက်တွေ့အာ ဏာချုပ်ကိုင်ထားသည့်အစိုးရ” အဖြစ် ဆက်ဆံရေးကို ပုံမှန်အတိုင်းပြန်လုပ်ရန် လိုလား တောင့်တ နေသည့် ဤအုပ်စုများသည် ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းများပြန်လုပ်ရန် ‘လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဦးစားပေး’ အကြောင်းပြကာ အသုံးပြုလာကြပါသည်။

ဤစိတ်ဝင်စားမှုအုပ်စု လေးခုအနက် ပထမသုံးစုသည် သြဇာရှိပြီး စတုတ္ထအုပ်စုမှာ အခြားသူများ ကစားသည့် ဂိမ်းတွင် အိမ်ဖြည့်ဘေးထိုးအဖြစ်ပါဝင်နေခြင်းဖြစ်သည်။

၁။ အထက်ဖော်ပြပါ အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများ၊

၂။ စစ်အာဏာရှင်တို့နှင့် ကာလအတန်ကြာ လုံးထွေးဆက်ဆံရင်းအကြပ်ရိုက်နေကြပြီး ပုံမှန် ဆက်ဆံရေးအခြေအနေပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြသည့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေး လော်ဘီများ

၃။ အလှူရှင်များ၏ ရန်ပုံငွေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သို့ ပြန်သွားရန် စိတ်အားထက်သန်နေကြ သော ငြိမ်းချမ်းရေး စည်းရုံးမှုတွင် ၎င်းတို့သည် ‘အကျိုးဆောင်များ’ အဖြစ် သြဇာရှိသော အခန်းကဏ္ဍကို ကိုင်စွဲထားသည့် ငြိမ်းချမ်းရေးဘော်ဘီများ

၄။ အတုအယောင် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီများနှင့် ယခင် မအောင်မြင်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်ပါ၀င်နေကြသည့်ပြည်တွင်း “ဇွန်ဘီ” များ။ (၄င်းတို့သည်နွေဦးတော်လှန်ရေးတွင် မပါဝင်ခဲ့ကြပဲ စစ်တပ်မဖြစ်မနေတည်မြဲနေမှသာ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ကိုယ်တိုင် ဆက်လက်ပါဝင်နိုင်မည်ဟုတွေးထင်နေကြသူများ။)

ငလျင်လှုပ်ပြီးကတည်းက ဤအုပ်စု ၄ စုသည် အပြန်အလှန်အထောက်အကူဖြစ်စေသော ဇာတ်ကြောင်းများနှင့် အစပြုမှုများကို ထုတ်လွှတ်လာကြသည်။

• “ဘယ်ဘက် မှ မနိုင်နိုင်” ကြောင်းနှင့် “စစ်အာဏာရှင်တို့အား အနိုင်မရနိုင်ကြောင်း” ထို့ကြောင့် “ဒုက္ခ ရောက်နေသော ပြည်သူများအတွက်” တော်လှန်ရေး အင်အားစုများက “လူသားချင်း စာနာ ထောက်ထားမှု အပစ်အခတ် ရပ်စဲရေး” ကို လက်ခံရမည် ဖြစ်ကြောင်း ပြည်သူလူထုအား စည်းရုံး သိမ်းသွင်းသည်။
• မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်ကို တရားဝင် မိတ်ဖက်များအဖြစ် သတ်မှတ်ရေး
• “စေ့စပ်ဆွေးနွေးမှုများ” တွင်ဝင်ရောက်ရန် တော်လှန်ရေးအင်အားစုများအပေါ် ဖိအားများ တိုးမြင့် ရန် ( အမှန်စင်စစ် စစ်တပ်လွှမ်းမိုးချုပ်ကိုင်မှုထံ လက်နက်ချကြ ရန်တောင်းဆိုနေကြခြင်းသာ ဖြစ်သည်။)
• စစ်အာဏာရှင်ကို တရားဝင်ဖြစ်လာစေမည့် အတုအယောင်ရွေးကောက်ပွဲအား လမ်းခင်းပေးနေခြင်း။

ဤဇာတ်ကြောင်းနှင့် လုပ်ဆောင်ချက်များသည် တရားဝင်ညှိနှိုင်းထားသော လှုံ့ဆော်မှုတစ်ခု၏ အစိတ်အပိုင်းမဟုတ်သော်လည်း ၎င်းတို့ကို အကျိုးစီးပွားများ ပေါင်းစည်းခြင်းဆုံချက်သဖွယ် ထပ်တူပြုနေပါသည်။ ထိုအခြေသည်တော်လှန်ရေးအင်အားစုများအတွက် တကယ့်စိန်ခေါ်မှု တစ်ခုဖြစ်လာသည်ဟု နားလည်ရပါသည်။

၎င်းတို့သည် စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှု တိုက်ဖျက်ရန် ခွန်အား၊ ခံနိုင်ရည်နှင့် စိတ်ပိုင်း ဖြတ်ထားမှုများရှိထားသော်လည်း ကြားနေအမြင်ကိုပြောဆိုသူများ (မြန်မာပြည်တွင်းရေးကို “မစွက်ဖက်ချင်” ဟုဆိုကာ “ကူညီ” ရန်သာ ဆန္ဒရှိကြသည်ဟုပြောကြသူများ) ၏ အနှောက် အယှက်မှုများအားကျော်လွှားရန် လုံလောက်စွာ ပြင်ဆင်ထားနိုင်ခြင်း မရှိသေးပေ။

သိထားကြသည့်အတိုင်း အိမ်နီးချင်းနှင့် ဒေသအတွင်းအစိုးရများသည် မင်းအောင်လှိုင်နှင့် စစ်အုပ် စုအား အထီးကျန်ဘ၀မှပြန်လည်ခေါ်ဆောင်ရန် နိုင်ငံရေး ဆုံးဖြတ်ချက်များ ချထားပြီးဖြစ်သည်။ အထက်ဖော်ပြပါ အကျိုးစီးပွားအုပ်စုများသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရာတွင် မဟာဗျူဟာ နှင့် ရုပ်ပိုင်းဆိုင်ရာ အားသာချက်များကို တွေ့နေကြသည်။

မြန်မာနိုင်ငံတော်၏ တော်လှန်ရေးအက်တာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမှီအခိုကင်း သော မီဒီယာများထံမှ အထောက်အထားများတွေ့မြင်နေရပါသည်။

• စစ်အာဏာရှင်တို့သည် ပြင်းထန်သော စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင် နေပါသည်။
• မင်းအောင်လှိုင်သည် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးအတွက်ဘာ အစီအစဥ်မှမရှိဘဲ နောက်ထပ်စစ်ပွဲများအတွက် ပြင်ဆင်နေသည်။
• အကူအညီများကို လွတ်မြောက်နယ်မြေများဆီသို့မရောက်အောင်ပိတ်ဆို့ထားပြီး စစ်အုပ်စု၏ အမာခံနယ်မြေများသို့သာ ပို့ဆောင်ပေးလျက်ရှိသည်။
• လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများကို လက်နက်အဖြစ် အသုံး ပြုချလျက်ရှိသည်။
• စစ်အာဏာရှင်တို့သည် ထောက်ပံ့ငွေများအပေါ် ငွေလဲနှုန်း ခြယ်လှယ်မှုမှ အကျိုးအ မြတ်များရ နေသည်။

…..ဤအရာအားလုံးသည် ဤအုပ်စုများဖက်တွယ်ထားသော တမင်တကာလျစ်လျူရှုထားမှုနှင့် နိုင်ငံရေးအရရေစုန်မျောသက်တောင့်သက်သာရှိနေသည့်အခြေအနေကို ချိုးဖောက်နိုင်ရန် မလွယ်လောက်ပေ။

ဇာတ်ကြောင်းအသစ်လှိုင်းလုံးလွှမ်းမိုးမှုသည် စစ်အာဏာရှင်တို့၏စစ်ရေးအရရော အုပ်ချုပ်ရေး ပိုင်းပါ ပြိုလဲနေလျက်ရှိနေသည့်အဖြစ်မှန်ကို ယာယီအားဖြင့် ဖုံးကွယ်ထားသည်။
—————————
အခြေအနေအရပ်ရပ်ကိုလေ့လာကြည့်ပါက

ယခု အရေးကြီးသော အချိန်ကာလတွင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ တနိုင်ငံလုံး အတိုင်းအတာဖြင့်ဆင်နွှဲလျက်ရှိသောတော်လှန်ရေးလှုပ်ရှားမှုကြီး၊ ပြည်သူ့ကာကွယ်ရေး တပ်မ တော်(PDF) နှင့် ဒေသန္တရကာကွယ်ရေး အဖွဲ့များအားလုံး အနီးကပ် ညှိနှိုင်းဆောင်ရွက်နေကြပြီး တည်တည်ငြိမ်ငြိမ်ဖြင့်အမှန်တကယ် အရေးကြီးသည့် အရာကိုသာဆက်လက် အာရုံစိုက်လုပ်ဆောင် သွားရန် အရေးကြီးပါသည်။
စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေး ပြတ်သားသောရည်မှန်းချက်ဖြင့် မင်းအောင်လှိုင်အပေါ် စစ်ရေးအရဖိအားပေးမှုကို ထိန်းထားရမည်ဖြစ်သည်။

အခြားသော တော်လှန်ရေးအက်တာများသည် လူထုထောက်ခံအားပေးမှုအားမြှင့်တင်နေခြင်း၊ ရန်ပုံငွေ ရှာဖွေမှု၊ လူသားချင်းစာနာမှုအတွက်ကြံ့ကြံ့ခံရပ်တည်မှု၊ ယဉ်ကျေးမှုနှင့် အနုပညာမျက်နှာစာမှ တွန်း လှန်နေမှု၊ သတင်းအချက်အလက်နှင့် စိတ်ဓါတ်စစ်ဆင်ရေးစစ်ပွဲ၊ နိုင်ငံတကာထောက်ခံ အားပေးမှု၊ မီဒီယာသတင်းများ၊ စစ်အာဏာရှင်တို့၏ ရာဇ၀တ်မှုများကို မှတ်တမ်းတင်ခြင်း သို့မဟုတ် စစ်အာဏာ ရှင်တို့က ပြည်သူများအပေါ်ကျုးလွန်နေသည့်ရာဇ၀တ်မှုများကို စုံစမ်းဖော်ထုတ်ခြင်း စသည့် ၎င်းတို့သက်ဆိုင်ရာမစ်ရှင်များကို သစ္စာရှိရှိ ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်သည်။

“ကျွန်ုပ်တို့၏ဘိုးဘေးများ ၊ ကျွန်ုပ်တို့၏မိဘများသည် စစ်ဘေးဒဏ်ကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ယနေ့တိုင် ကြံ့ကြံ့ခံနေကြရဆဲဖြစ်ပါသည်။ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင်မလုပ်နိုင်ပါက ကျွန်ုပ်တို့၏မျိုးဆက်သစ်များသည် စစ်ဘေးဒဏ်ကို ဆက်လက်ခံစား နေကြရမည်ဖြစ်ပြီး စစ်မှန်သော လွတ်လပ်သောလူသားများအဖြစ်ရှင်သန်နိုင်ကြမည်မဟုတ် ပေ။ထို့ကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဟုဆိုပါသည်။

စစ်ရေးသံသရာ ဆက်မဖြစ်နိုင်အောင် သေသေခြာခြာ ညီညီညွတ်ညွတ်အပြီးသတ်တိုက်ပွဲ ဆင်နွဲရမည် ဖြစ်ကြောင်း” တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပန်လက အားအင်အပြည့်ခိုင်ခိုင်မာမာပြောပါသည်။

အဲမောင်း
Igor Blazevic ၏ Face Book လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြချက်အား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
(Igor Blazevic သည် Educational Initiatives Myanmar မှ ဆွေးနွေးပို့ချသူပညာရှင်ဖြစ်ပြီး Prague Civil Society Centre မှ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်ပါသည်။သူသည် မြန်မာနိုင်ငံ၌ ၂၀၁၂ မှ ၂၀၁၅ အတွင်း အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုဘာသာရပ်ကိုဟောပြောပို့ချခဲ့သူတစ်ဦးလည်းဖြစ်သည်။)

By admin

Leave a Reply

Your email address will not be published. Required fields are marked *