Testimonies From Beyond” ပြပွဲကိုလန်ဒန်မြို့၌ ကျင်းပနေ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

Testimonies From Beyond” ဟုအမည်ပေးထာသောပြပွဲတစ်ခု ကိုမေ ၁ရက်နေ့ ကနေ ၆ရက်နေ့အထိ မနက်၁၀နာရီမှ ည၈နာရီအထိ လန်ဒန်မြို့တွင်ကျင်းပနေကြောင်းသတင်းရရှိသည်။

မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့သည့်စစ်ရာဝတ်မှုတွေကို သက်သေခံမည့်ယခုပြပွဲတွင်လူ၁၇၀ ကျော်သေဆုံးခဲ့သော ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှ ပစ္စည်းများ အပြင် မြန်မာပြည် အခြားနေရာများ၌ လေကြောင်း တိုက်ခိုက်ခံရသည့်သက်သေခံပစ္စည်းများကိုလည်း ခင်းကျင်းပြသထားသည်။

ထို့အပြင် မြန်မာ စစ်ကောင်စီတပ်သားများ၏အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာခံခဲ့ရသူများနောက်ဆုံး အသုံးပြုခဲ့သောအသုံးဆောင် ပစ္စည်းများ၊ ဆန္ဒပြပွဲတွင်ပစ်သတ်ခံခဲ့ရသည့်သူများအသုံးပြုနေကျ ပစ္စည်းများပါ ထည့်သွင်း ပြသသထားပါသည်။

Testimonies From Beyond ပြပွဲမှာ ပြသမည့် ပစ္စည်းများအားလုံးကို UK ထိရောက်အောင် Burma VJ နှင့် Stars of Myanmar Frienship မှ လူအား၊ ငွေအား စိုက်ထုတ်ပြီး၊ Myanmar Peace Museum နှင့် sacca မှ ခင်းကျင်းပြသ ရန် အတွက်တာဝန်ယူထားပါသည်။

Burma Campaign UK မှ ပြပွဲဖြစ်အောင် ကူညီပံ့ပိုးထားသည်ဟုသတင်းရရှိသည်။

ဓာတ်ပုံ
zoya phan facebook

By admin

Leave a Reply

Your email address will not be published. Required fields are marked *