ဘင်္ဂလားဒေ့ရှ်၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ စိုးရိမ်ပူပန်မှုကို Khalilur က ပယ်ချ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ပယ်ချခဲ့ပြီး ကြားဖြတ်အစိုးရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် လိုအပ်သည်ဟု ယူဆသည့် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း BD News 24 .com ကမေလ ၇ ရက်ကဖော်ပြသည်။

“ဘယ်သူက ဘာပြောပြော အရေးမကြီးပါဘူး” ဟု Khaliur က နယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြားရေးမူဝါဒအပေါ် ခိုင်မာသော ရပ်တည်ချက်ကိုပြသပြီး မေလ ၆ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရ၏ ကန့်ကွက်မှုများနှင့်ပတ်သက်၍ မေးခွန်းတစ်ခုအား ဖြေကြားရာတွင် Khalilur က “ကျနော်တို့ဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျနော်တို့ရဲ့အကျိုးစီးပွားအတွက်၊ ကျနော်တို့အလိုရှိတဲ့သူနဲ့တွေ့ဆုံမှာပဲ”ဟုဖြေကြားသည်။


၎င်းက “ကျနော်တို့ဟာလွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒကို ချမှတ်ပြီး အကောင်အထည် ဖော်နေတာပါအားလုံးမြင်နိုင်ပါတယ်”ဟုလည်းထပ်လောင်းပြောကြားသည်။
“မြန်မာက ရက္ခိုင့်တပ်မတော်ကို ရာဇ၀တ်အဖွဲ့လို့ ကြေညာထားပေမယ့် သူတို့နဲ့ စကားရင်တောင် အပစ်ရပ်ဖို့ ပြောနေတာပဲ မဟုတ်လား”ဟုသူကဆက်ပြောသည်။
မြန်မာက ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြသည့်စာတစ်စောင် ပေးပို့ပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ သဘောထားနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာတွင်သူက “တစ်ခုစဉ်းစားရမှာက- အခုအချိန်မှာတော့ ကျနော်တို့ရဲ့ နယ်စပ်ကိုထိန်းချုပ်ထားတာဟာရက္ခိုင့် တပ်မတော်ဖြစ်ပါတယ်”ဟုဖြေကြားသည်။

“ဒါက ကျနော်တို့ရဲ့ နယ်နိမိတ်၊ကျနော်တို့ရဲ့ အချုပ်အခြာ ပိုင်နက်ပဲ။ ဒါကိုကျနော်တို့က စီမံခန့်ခွဲရမယ်၊ ကာကွယ်ရမယ်”ဟုသူကဆက်ပြောသည်။”ဒါဟာ နယ်စပ်ပြဿနာပါ။ ထိန်းချုပ်နိုင်သူဘယ်သူနဲ့မဆိုဆက်ဆံရမှာပဲ”ဟုသူကထပ်လောင်းပြောဆိုသည်။ အကယ်၍မြန်မာစစ်တပ်ကရခိုင်ပြည်နယ်ကိုပြန်လည်ထိန်းချုပ်နိုင်ပါက မြန်မာစစ်တပ်နှင့်ပြန်လည်ဆက်ဆံမည်ဟုလည်းသူကဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *