မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကန်ချနပူရီပြည်နယ် နယ်စပ်အနီးတွင် မေလ ၆ရက်နေ့တွင် ပျံသန်းနေသည့် မြန်မာတိုက်လေယာဉ်တစ်စင်း ထိုင်းလေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အတည်ပြုပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က မေလ ၈ရက်တွင်ဖော်ပြသည်။ Mr Phumtham က လေယာဉ်သည် နယ်စပ်အနီးသို့ ပျံသန်းသွားခြင်းမျှသာဖြစ်ကြောင်းမေလ ၇ရက်နေ့က ပြောကြားခဲ့သည်။
ထိုင်းတော်ဝင်လေတပ် (RTAF) က မြန်မာအာဏာပိုင်များထံ အကြောင်းကြားပြီးနောက် ဂျက်လေယာဉ်သည်ပြန်လှည့်သွားခဲ့ပြီးယင်းမှာ စစ်ရေးပျံသန်းမှုအတွင်း ဖြစ်ပွားနိုင်သည့် အသေးအဖွဲကိစ္စရပ်အဖြစ် သူကအဖြစ်အပျက်ကို ငြင်းဆိုခဲ့သည်။ Kanchanaburiခရိုင်Muang မြို့နယ်Tambon Ban Kao တွင် ဒေသခံများမှ F-16 ဂျက်လေယာဉ်နှစ်စင်း အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ၎င်းတို့၏ ဒေသအတွင်းမှ ပျံသန်းနေသည်ကို တွေ့ရှိပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသခံများ အကြား ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ဖူးနမ်ရွန် နယ်စပ်နှင့် မျက်နှာချင်းဆိုင့ မြန်မာဘက်ခြမ်းရှိ ဘန်သီကီကျေးရွာအနီးတွင် မြန်မာဘက်ခြမ်းတွင် ပျံသန်းနေသည့် K-8 ဗုံးကြဲလေယာဉ်ကိုတွေ့ရှိပြီးနောက်တော်ဝင်ထိုင်းလေတပ်RTAF မှ Wing 4 မှ RTAF မှ Wing 4 မှ G 16 နှစ်စီးကိုစေလွှတ်ခဲ့ကြောင်း နောက်ပိုင်း သတင်းများအရ သိရသည်။