မေလ ၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဂျပန်နိုင်ငံမီယာဂီစီရင်စု ရဲတပ်ဖွဲ့သည် စီရင်စုမှ အသက် ၁၇ နှစ်အရွယ်အထက်တန်းကျောင်းသားတစ်ဦးပျောက်ဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်နိုင်ငံတကာသို့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုအတွက် လူကုန်ကူးသူဟု သံသယရှိသူ တစ်ဦးကို မေလ ၇ ရက်က ဖမ်းဆီးခဲ့သည်ဟု အဆာဟိရှင်ဘွန်းသတင်းက မေလ ၈ရက်တွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ Tomu Fujinuma သည် အသက် (၂၉ နှစ်)သည် ဆယ်ကျော်သက် လူငယ်တစ်ဦးအား ဇန်နဝါရီ ၁၀ ရက်က ထိုင်းနိုင်ငံ လေဆိပ်တစ်ခုတွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ ငွေလိမ်လည်မှုစင်တာတွင် အလုပ်ခိုင်းစေရန်အတွက်မြန်မာနိုင်ငံသို့သွားရောက်ရန်လိမ်လည်စည်းရုံး ဆွဲဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆယ်ကျော်သက်ကို ဖူဂျီနူမာအွန်လိုင်းဂိမ်းမှတဆင့်ထိုင်းတွင် ရိုးရှင်းစွာဖြင့်ငွေရလွယ်သောအလုပ်ရရှိမည်ကတိပေးသည့် တွဲဖက်တစ်ဦးကအွန်လိုင်းဆက်သွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က အဆိုပါစွပ်စွဲချက်ကို ဖမ်းဆီးခံရသောသံသယရှိသူက ဝန်ခံခြင်း သို့မဟုတ် ငြင်းဆိုခြင်းရှိမရှိ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အဆိုပါအထက်တန်းကျောင်းသားသည် ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံရှိ မှုခင်းဗဟိုချက်တွင် ပိတ်မိနေပြီး ဂျပန်ရှိ လိမ်လည်ခံရသူများထံ အတင်းအကြပ်ဖုန်းခေါ်ဆိုရန်ဖိအားအပေးခံခဲ့ရသည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်နေကြသည်။ အဆိုပါကျောင်းသားအားဇန်နဝါရီလလယ်တွင် ထိုင်းအာဏာပိုင်များက ကယ်တင်ခဲ့ပြီး သူသည်ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ လိမ်လည်မှု လုပ်ငန်းများနှင့် ဆက်နွှယ်သည်ဟု သံသယရှိသော လူသစ်စုဆောင်းသူအား ဂျပန်အာဏာပိုင်များက ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ Fujinuma သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစားစဉ် ဖေဖော်ဝါရီတွင် ထိုင်းအာဏာပိုင်များ၏ကနဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဂျပန်နိုင်ငံသို့ ပြန်ပို့ခံရပြီးနောက် ၎င်းအား ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် သီးခြားအမှုတစ်ခုတွင် ဥပဒေမဲ့ ချုပ်နှောင်မှုဟု သံသယဖြင့် မတ်လတွင် အိုဆာကာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဧပြီလတွင် စွဲချက်တင်ခံခဲ့ရသည်။ နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းများ လိမ်လည်မှုစင်တာများ ဖွင့်လှစ်ထားသည့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံတွင် အာရှနှင့် အခြားဒေသများမှ ထောင်နှင့်ချီသော လူများကို ဓားစာခံအဖြစ်ဖမ်းဆီးထားသည်ဟု ဇန်နဝါရီလတွင် ထွက်ပေါ်လာသည့် အစီရင်ခံစာများတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းများ ထွက်ပေါ်လာပြီးနောက်လများအတွင်း နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်စီးနင်းကာ နိုင်ငံခြား အလုပ်သမား ၇,၀၀၀ ကျော်ကို ကယ်ဆယ်ခဲ့ကြောင်း သိရသည်။ ထိုင်းဘက်သို့ ရွှေ့ပြောင်းရန် စောင့်ဆိုင်းနေစဉ် အလုပ်သမားများကို ပြည်သူ့စစ်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ဂျပန်နိုင်ငံသား ၁၀ ဦးကို ထိုင်းအာဏာပိုင်များကနေရပ်ပြန်မပို့မီတွင် ထိန်းသိမ်းထားသည်။
ထို့အပြင်လိမ်လည်လှည့်ဖြားမှုများနှင့် အခြားရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်သည်ဟု သံသယရှိသူငါးဦးကိုလည်း ဂျပန်နိုင်ငံတွင် ဖမ်းဆီးခဲ့သည်။ Fujinuma အားဖမ်းဆီးခြင်းနှင့်အသက် ၁၇ နှစ်အရွယ် ကျောင်းသားကို ကယ်တင်ခြင်းတို့သည်ထိုင်းနှင့် ဂျပန်အာဏာပိုင်များကြား ပူးပေါင်းဆောင်ရွက်မှု တိုးလာနေသည့် အောင်မြင်မှုကို မီးမောင်းထိုးပြနေသည်။ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများတွင် နိုင်ငံတကာ လိမ်လည်လှည့်စားမှုစင်တာများအား အစောပိုင်းက နှိမ်နင်းမှုများနှင့်အတူဂျပန်နိုင်ငံမှသံသယရှိသူနှင့် လိမ်လည်ခံရသူသားကောင်များစွာကို နေရပ်ပြန်ပို့စေခဲ့သည်။