ဘတ်ငွေ ၁ ဒသမ ၁ သန်း ခိုးယူမှုဖြင့် ထိုင်းနိုင်ငံဖူးခက်တွင် မြန်မာအလုပ်သမား ဖမ်းဆီးခံရ

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဖူးခက်မြို့ရှိ ၎င်း၏အလုပ်ရှင်အိမ်မှ ဘတ်ငွေ ၁ ဒသမ ၁ သန်းကျော် ခိုးယူမှုဖြင့် အသက် ၂၃ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းဆီးထားကြောင်း The Thsiger သတင်းကမေလ ၈ရက်တွင်ဖော်ပြသည်။ မေလ ၁ ရက်နေ့မှ မေလ ၇ ရက်နေ့အထိရဲတပ်ဖွဲ့၏ မှုခင်းနှိမ်နင်းရေး လှုပ်ရှားမှုတွင် မြန်မာနိုင်ငံသား ညီဘိုသက်အား ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။


ရဲတပ်ဖွဲ့က တရားခံအား ခြေရာခံရှာဖွေခဲ့ပြီး ဖူးခက်ခရိုင်၊ သန်လန်ခရိုင်၊ အမှတ် ၁ ရွာတွင်ရှိသော Baan U-Athorn အိမ်ရာစီမံကိန်း ၉၂ အဆောက်အဦ အပြင်ဘက်တွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသည့်အချိန်နှင့် ရက်အတိအကျကိုမူ မသိရှိရပေ။

ရဲတပ်ဖွဲ့၏ အဆိုအရ သံသယရှိသူအား Bang Tao မြို့ရှိ နေအိမ်တွင် ဖောက်ထွင်းမှု ဖြစ်ပွားရာ နေရာမှ ထွက်ခွာသွားကြောင်း ပြသထားသည့် ရှင်းလင်းသော CCTV ဗီဒီယိုဖိုင်မှတဆင့်ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *