ဘန်ကောက်အပျက်အစီးများကြားကနေ မြန်မာအလုပ်သမားများ၏ရွှေများပြန်ရ

မေလ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဘန်ကောက်မြို့ချာတူချောက်မြို့နယ်ခွဲရှိပြိုကျနေသော ထိုင်းနိုင်ငံတော်စာရင်းစစ်ချုပ်ရုံး ဇုန် B တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့သော ရွှေဆွဲကြိုးများနှင့် လက်စွပ်များကို မြန်မာနိုင်ငံသား အမျိုးသမီး အလုပ်သမားတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ထံပြန်လည်ပေးအပ်ခဲ့သည်ဟု Khaisodvသတင်းကမေလ ၉ ရက်နေ့တွင်ဖော်ပြသည်။ အဖိုးတန်ပစ္စည်းများကို ရဲများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြသော ကယ်ဆယ်ရေးလုပ်သားများအား ဝမ်းမြောက်ဝမ်းသာ စွာဖြင့်ကျေးဇူးတင်ရှိကြောင်း ၎င်းတို့ကပြောကြားခဲ့ကြသည်ဟုလည်းသတင်းကဆိုသည်။ SA Construction 2008 ကုမ္ပဏီမှ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသူ မြသော်တာသည် အသက် ၃၁ နှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့်အတူ ဇုန် B ပြိုကျရာနေရာသို့လာရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ထံမှ ပျောက်ဆုံးသွားသော ပစ္စည်းများ ပြန်လည်ရယူခဲ့ကြောင်းသတင်းရရှိသည်။


Ruamkatanyu Foundation မှ ကယ်ဆယ်ရေး လုပ်သားများသည် ကားပါကင်နှင့် ကပ်လျက် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး ဇုန် B အဆောက်အဦမှ အပျက်အစီးများကို ရှင်းလင်းစဉ် ရွှေလက်ဝတ်ရတနာများ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ ရွှေလက်စွပ် ၄ ကွင်း၊ လည်ဆွဲ ၁ ကွင်း၊ လက်ကောက် ၁ ကွင်း၊ ပုလဲဆွဲသီး ၁ လုံးနှင့် ရွှေငါးဆွဲသီး ၁ လုံး စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၅၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁၅၁၇) ရှိကြောင်း သိရသည်။ပစ္စည်းများကို တွေ့ရှိပြီး ပိုင်ရှင်မှန်ကို ရှာဖွေရန် Bang Sue ရဲစခန်း ပူးပေါင်းကွပ်ကဲရေးဌာနသို့ ပို့ဆောင်ပေးခဲ့ကြသော ကယ်ဆယ်ရေးလုပ်သားများအား အထူးကျေးဇူးတင်ရှိကြောင်း သူမက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့ မတ် ၂၈ ရက်က နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးတွင် ဓာတ်လှေကားအော်ပရေတာအဖြစ် လုပ်ကိုင်နေ ကြောင်း မြသော်တာက ပြန်ပြောပြသည်။
ငလျင်လှုပ်သောအခါတွင် သူမသည် ပထမထပ်တွင်ရှိခဲ့ပြီး လွယ်အိတ် သို့မဟုတ် ပစ္စည်းများကို ယူဆောင်သွားခြင်းမရှိဘဲ အဆောက်အအုံထဲကနေ ချက်ချင်း ရွှေ့ပြောင်းခဲ့သည်ဟုဆိုသည်။ အခြေအနေ တည်ငြိမ်သွားပြီးနောက် ပျောက်ဆုံးနေသော ရွှေလက်ဝတ်ရတနာများနှင့်ပတ်သက်၍ ဘန်ဆူးရဲစခန်းသို့ ဧပြီလ ၁၀ ရက်နေ့တွင် တိုင်ကြားခဲ့ပြီး ၎င်း၏တိုင်ကြားမှုကို စစ်ဆေးရန်အတွက် ဓာတ်ပုံအထောက်အထားများ ပေးအပ်ခဲ့သည်။ “အစကတော့ ပြန်ရမယ်လို့မထင်ထားပေမယ့် ကယ်ဆယ်ရေးသမားတော်တော်များများကို ကူညီရှာပေးခဲ့တယ်။ ဒီရွှေတွေက နှစ်ပေါင်းများစွာ စုဆောင်းစုဆောင်းထားတဲ့ ရွှေတွေဆိုတော့ ငိုရင်းနဲ့ အပျက်အစီးတွေကို လိုက်ရှာတယ်။ ဒီနေ့ ရဲတွေဆီကဆက်သွယ်လာတဲ့အခါ ရွှေတွေရှာတာတွေ့တော့ အရမ်းဝမ်းသာသွားတယ်။ ထိုင်းရဲတွေနဲ့ ပြန်လာတဲ့ ရွှေလုပ်သားအားလုံးကို ကျေးဇူးတင်တယ်”ဟုလည်းဆက်ပြောသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *