လိမ်လည်သူများကို အနိုင်မယူနိုင်သော ထိုင်း၏စစ်ပွဲ

မေလ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

နယ်စပ်တစ်လျှောက် လိမ်လည်လှည့်စားမှုများကို ပစ်မှတ်ထား၍ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများရှိနေသော်လည်း ထိုင်းနိုင်ငံသည် မြင့်တက်လာနေသောတိုက်ပွဲနှင့် ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံရှိအွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ထောင်ပေါင်းများစွာကို ကယ်တင်နိုင်ချိန်တွင် Paetongtarn အစိုးရသည် အရာရှိများအကြား အကျင့်ပျက်ခြစားမှု၊ အိမ်နီးချင်းများနှင့် သံတမန်ဆက်ဆံရေး တင်းမာမှု၊ တရုတ်သြဇာလွှမ်းမိုးမှုနှင့်မီးစင်ကြည့်ကတတ်သော ရာဇ၀တ်မှုကွန်ရက်များအပါအဝင် အတားအဆီးများစွာကို ရင်ဆိုင်နေရသည်။ မြန်မာနှင့် ကမ္ဘောဒီးယားကြား အွန်လိုင်းငွေလိမ်လုပ်ငန်းများရွေ့လျားလာသည်နှင့်အမျှ ထိုင်း၏ရင်းမြစ်များသည် အနိုင်ယူ၍မရသော စစ်ပွဲတစ်ခုအဖြစ် အသွင်အပြင်တွင် ဖြစ်လာပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသည်နိုင်ငံဖြတ်ကျော်ဝင်ရောက်ခြင်းအတွက် တံခါးပေါက်တစ်ခုအဖြစ်မှ ၎င်း၏ဂုဏ်သိက္ခာကို ပြန်လည်ကယ်တင်ရန်အတွက် မကြုံစဖူးသော ဖြိုခွင်းမှုတစ်ရပ်ကို လုပ်ခဲ့သည်။

မြန်မာနိုင်ငံရှိတရုတ်လူမျိုးများဦးစီးသောအွန်လိုင်းငွေလိမ်ဂိုဏ်းများမှလူထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သဖြင့် ထိုင်းနိုင်ငံသည် ‘မစ်ရှင်ပြီးမြောက်သည်’ ဟု ဆိုနိုင်သည်။ သို့သော် အစုအဖွဲ့များသည် အရည် အချင်းရှိနေကာ တိုက်ပွဲသည် ရှေ့မျက်နှာစာတွင် ရှိနေချိန်တွင် ပြည်တွင်း ကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ်နေကာ တရုတ်နိုင်ငံအပေါ် မှီခိုနေရသည့် ပထဝီဝင်နိုင်ငံရေး အဖိုးအခ များ မြင့်တက်နေပါသည်။ ဝန်ကြီးချုပ် Paetongtarn Shinawatra ၏ အစိုးရအဖွဲ့က ရာဇ၀တ်မှု၊ ဆိုက်ဘာရာဇ၀တ်မှု၊ လိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရန် ၎င်း၏ လက်ငင်းမူဝါဒ ၁၀ ချက်တွင် ကြေညာခဲ့သည်။ တရုတ်မင်းသား Wang Xing ၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ထိုင်း-မြန်မာနယ်စပ်တွင် ခေတ္တပျောက်ဆုံးသွားမှုကြောင့်ထိုင်း-မြန်မာနယ်စပ်တွင် ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထုတ်ဖော်မှုအတွက် ပြစ်ဒဏ်များတင်းကျပ်ခြင်းနှင့် တရုတ်နှင့်မြန်မာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းအပါအဝင် ခိုင်မာသောအစီအမံများလုပ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံကိုဂရက်ရိုက် လှုပ်ခတ်သွားစေခဲ့သည်။


အလားတူ မှတ်သားဖွယ်အချက်မှာ စောချစ်သူနှင့် ကရင်အမျိုးသား တပ်မတော် ခေါင်းဆောင်နှစ်ဦးကို လူကုန်ကူးမှု စွဲချက်ဖြင့် ထိုင်းနိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်သည်။ စစ်သား ၇၀၀၀ ခန့်ဖြင့် ကရင်အမျိုးသား တပ်မတော်သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နှင့် ထိစပ်နေသော မြန်မာနိုင်ငံရှိ မြဝတီမြို့ရှိ ရွှေကိုးကိုနှင့် KK Park ကဲ့သို့သော နာမည်ဆိုးဖြင့်ကျော်ကြားသော အွန်လိုင်းငွေလိမ်ရိုဏ်းများရှိရာနေရာများမှ အမြတ်အစွန်းများကို ရယူထားသည်။ ရှည်လျားပြီးလုံခြုံရေးမလုံမလောက်ဖြစ်နေသော ထိုင်း-မြန်မာနယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းမှုအမည်ဖြင့် သြဇာကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို နှစ်ရှည်လများ သည်းခံနိုင်မှုကြောင့် ထိုင်းနိုင်ငံ၏ ဖမ်းဝရမ်းများကို အပြင်းအထန် အကောင်အထည်ဖော်နိုင်ဖွယ်မရှိပေ။ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန်၊ အမေရိကန်၏ အကူအညီ ဖြတ်တောက်မှုနှင့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုတို့ကြောင့် စစ်အစိုးရ၏ မဆုတ်မနစ်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် မြန်မာ၏ မတည်ငြိမ်မှုများ ပိုမိုဆိုးရွားလာခြင်းကြောင့် ထိုင်းနိုင်ငံသည် ယခင်ကထက် ပိုမိုရင်းနှီးသည့် ကြားခံအင်အားစုများ လိုအပ်နေပါသည်။

သို့သော်လည်း ဖမ်းဝရမ်းထုတ်မှုက ထိုင်း၏ သည်းခံနိုင်မှုသည်ကန့်သတ်ချက်များရှိကြောင်း ပုံမှန်မဟုတ်သော ပြင်းထန်သော သတင်းစကား ပေးခဲ့သည်။ ထိုင်းအစိုးရက ယနေ့အထိ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်မှုများဖြစ်သည့် လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့နှင့် အင်တာနက်ဂန်ဆောင်မှုတို့ကို မြန်မာရှိပစ်မှတ်ထားနေရာငါးခုတွင်ဖြတ်တောက်ထားသည်။၎င်းတို့သည် အချို့သော ရလဒ်များ ထွက်ပေါ်လာသော်လည်း ဖြတ်တောက်မှုများသည် မီးစင်ကိုကြည့်ကတတ်သောလမ်လည်သူများထက်စာလျင်လူအများရရှိနိုင်သည့် အရေးကြီးသော အခြေခံအဆောက်အအုံကို အားကိုးသည့် အပြစ်မဲ့နေထိုင်သူများကို ထိခိုက်စေနိုင်ပါသည်။ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အိမ်ထောင်စု ၇၅၀၀၊ စာသင်ကျောင်း ၄၅ ကျောင်းနှင့် ဆေးရုံငါးရုံတို့၌ အရေးပေါ် အောက်ဆီဂျင်လိုအပ်နေသည့် လူနာ ၂၀၀ ခန့်ရှိပြီးသက်ရောက်မှုဆိုးရွားကြောင်း သိရသည်။ ထိုင်းနိုင်ငံကို သပိတ်မှောက်ရန် ခြိမ်းခြောက်သည့်ဆန္ဒပြပွဲများအား အံ့အားသင့်စရာအဖြစ် မြန်မာနိုင်ငံသားအချို့ကပြုလုပ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံသားများကို အကာအကွယ်ပေးခြင်းသည် ပထမဦးစားပေးဖြစ်သည်ဟု ဝန်ကြီးချုပ် Paetongtarnက တုံ့ပြန်ခဲ့သည်။

ယင်းကိုမြန်မာလူထုကရန်လိုသည့် ကြေငြာချက်အဖြစ် မှတ်ထားနိုင်ပါသည်။ မြန်​မာ့လုပ်​သားအင်​အား​အ​ပေါ် မှီခို​အား​ထား​မှု တိုး​မြင့်​လာ​သော ထိုင်း​နိုင်​ငံ​၏​အ​ခြေ​အ​နေ​တွင် ထိုင်း​ဆန့်ကျင်​ရေး​အ​ခြေ​အ​နေ​များ​စု​ပုံ​လာ​သည်​မှာ​ရေ​ရှည်​အန္တရာယ်​ဖြစ်​သည်။ ထိုကဲ့သို့သော ကြီးလေးသောကုန်ကျစရိတ်များမှ အမြတ်များသည် ကျိုးနွံရုံသာမက ယာယီလည်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဖြိုခွင်းမှုအပေါ် လိမ်လည်သူများကအရန်မီးစက်များနှင့် ဆိုလာဆဲလ်များကို အသုံးချခြင်းအပေါ် ဗဟိုပြုပြီးအရှေ့တောင်အာရှ၏ဘက်ထရီဟုခေါ်သောလာအိုနိုင်ငံဘက်သို့ ပိုမိုခြေဦးလှည့်လာပါသည်။ ဖြိုခွင်းရာတွင်ကန့်သတ်ချက်များကို ထပ်လောင်း မီးမောင်းထိုးပြပြီး ကျွမ်းကျင်သူများက ဗဟိုချုပ်ကိုင်ထားသော အစုအဝေးများမှ လွတ်လပ်သောဆဲလ်များအထိ နည်းဗျူဟာဆိုင်ရာ အပြောင်းအလဲများကို ညွှန်ပြခဲ့ပြီး ခြေရာခံခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းများကို ရှုပ်ထွေးစေခြင်းနှင့် ကမ္ဘောဒီးယားသို့ နေရာရွှေ့ပြောင်းခြင်းတို့ကိုထောက်ပြခဲ့သည်။ ညွန့်ပေါင်းပါတီများနှင့် ပြည်နယ် အသီးသီးတို့အကြား တိုက်ပွဲများ အမြစ်တွယ်နေသည့် ထိုင်းနိုင်ငံ၏ နှေးကွေးသော တုံ့ပြန်မှုများကြောင့် ၎င်းတို့အား(ငွေလိမ်ဂိုဏ်းများ)ချောမွေ့စေခဲ့သည်။

Poipet နှင့် Sihanoukville ကဲ့သို့သော ကမ္ဘောဒီးယားရှိအွန်လိုင်ငွေလိမ်ဂိုဏ်းများအား လိမ်လည်လှည့်စားမှုများအား အစောပိုင်းက ဖြိုခွင်းခဲ့သော်လည်း ပြန်လည်ရှင်သန်လာခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အရှေ့ဘက်ခြမ်းတွင် ၎င်းတို့ကို ပစ်မှတ်ထားကာ လှည့်စားမှုများမှာ အာရုံစိုက်နေသောကြောင့် ထိုသို့သော တိုးတက်မှုများသည် ထိုင်း နိုင်ငံသားများ၏ သက်သာချောင်ချိရေး အတွက် များစွာ အရေးပါပါသည်။ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် Poipet ၏ငွေလိမ်ဂိုဏ်းခြံမှ ကယ်တင်နိုင်ခဲ့သူ ၂၁၅ ဦးအနက် ထက်ဝက်ကျော်မှာ ထိုင်းလူမျိုးများဖြစ်ကြောင်း ထင်ရှားပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အနောက်ဘက် ထိုင်း-မြန်မာ နယ်စပ်စစ်မျက်နှာသည်ရာဇ၀တ်ကောင်များကနိုင်ငံခြား သားကောင်များကိုလိမ်လည်ရာ နေရာဖြစ်သည်။ အရှေ့ဘက်မျက်နှာစာတွင် ဦးစားပေးရွေးချယ်ရန် ရွေးကောက်တွင်ပွဲမဲများရရှိရန်ကြိုးပမ်းနေသည့် အရပ်သားအစိုးရအတွက် ပြင်းထန်သော မက်လုံးများရှိသည်။ အမှန်မှာ Paetongtarn အစိုးရသည် နယ်စပ်တံတိုင်း ဆောက်ရန် စဉ်းစားနေပြီဖြစ်သည်။

သို့သော် လုံခြုံရေးယန္တရားတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ အနောက်ဘက်နယ်စပ်ကို အပြင်းထန်ဆုံး ထိခိုက်လွယ်သူအဖြစ် သတ်မှတ်ရန် အကြောင်းပြချက်ကောင်းများရှိသည်။စိစစ်တင်းကျပ်သောဘတ်ဂျက်ဖြင့် မျက်နှာစာနှစ်ဘက်စလုံးတွင် လုံခြုံရေးကို စနစ်တကျ ထိန်းထားရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် ခက်ခဲသော လုပ်ငန်းတစ်ခုဖြစ်သည်။ အရင်းအမြစ် ကန့်သတ်ချက်များ၊ တာဝန်ခံမှု အားနည်းခြင်းနှင့် ပျံ့နှံ့နေသော အကျင့်ပျက်ခြစားမှုများကြောင့် ထိုင်းနိုင်ငံ၏ အွန်လိုင်း လိမ်လည်သူများကို ဆန့်ကျင်သည့် အရှိန်အဟုန်သည် မီဒီယာများ၏ အာရုံစိုက်မှု ကျဆင်းသွားသည်နှင့် အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည်။ ဤသဘောကြောင့်တရုတ်လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi ၏ ညွှန်ကြားချက်အောက်တွင် တရုတ်နိုင်ငံ၏ တက်ကြွစွာ ထိတွေ့ဆက်ဆံမှုသည် ထိုင်း၏ ခြေမကိုထောက်ထားသောကြောင့် အသုံးဝင်ပါသည်။

သို့သော် ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ဘန်ကောက်၏ ပထဝီဝင်နိုင်ငံရေးအရ ပျော့ပြောင်းမှုကို အလျှော့အတင်းလုပ်နိုင်သည်။ Liu ၏ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ထိုင်းတစ်ဝှမ်းတွင်ကန့်သတ်မှုမဲ့ လှုပ်ရှားမှုသည် ထိုင်းအချုပ်အခြာအာဏာအတွက် စိုးရိမ်မှုများကြောင့် လျင်မြန်စွာ တောင်းပန်ခဲ့သည့်အတွက် တရုတ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို လျစ်လျူရှုရန် ခက်ခဲစေသည်။ ထိုင်းအတွက်မူ ၎င်း၏လက်ငင်းအိမ်နီးချင်းအများစုသည် တရုတ်လိုလားပုံရပြီး ထိုင်း-အမေရိကန် မဟာမိတ်များ မျောပါနေချိန်တွင် ဟန်ချက်ပျက်သွားပုံရသည်။Paetongtarn အစိုးရမှ ဝီဂါ အကျဉ်းသား ၄၀ ကို တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းသည် အနောက်နိုင်ငံများ၏ စိတ်ပျက်စရာ ကောင်းပြီးပေကျင်းအတွက်မူအလွန် အမင်း လိုက်လျောညီထွေ ရှိသည်ဟု ရှုမြင်ထားပြီးဖြစ်သည်။ ထိုင်းနိုင်ငံမှ နိုင်ငံရေး ထိပ်သီးများကို အမေရိကန်က ပြင်းပြင်းထန်ထန် အရေးယူလေ့မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူပါဝင်ပတ်သက်နေသည့် ထိုင်းအရာရှိများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဗီဇာ ကန့်သတ်ချက် ထုတ်ပြန်ခဲ့သည်။

အမြစ်တွယ်နေသော တရားမ၀င်ကွန်ရက်များကို တိုက်ဖျက်ရန် ထိုင်းနိုင်ငံသည် ဘက်စုံသုံး ချဉ်းကပ်မှု လိုအပ်နေသည်။သို့သော် လိမ်လည်လှည့်စားမှုများကို ထိုင်းအချို့ကကူညီဆောင်ရွက်ပေးနေခြင်းကထိုင်းနိုင်ငံ၏ စည်းလုံးညီညွတ်မှုကိုထိခိုက်စေပြီး အရှက်လည်းကွဲနိုင်သည်။ဤသို့ဆိုလျှင် လိမ်လည်သူများကို တားသာတားဆီးနိုင်ပြီး အမြစ်ပြတ်ချေမှုန်းနိုင်မည်မဟုတ်ပေကမ္ဘောဒီးယားတွင်ငွေလိမ်လုပ်ငန်းများ ပြန်လည်ရှင်သန်လာပုံကိုမြင်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုင်းနိုင်ငံသည် ၎င်း၏ ဖြိုခွင်းမှုအတွက်ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ ကုန်ကျစရိတ်များ မြင့်မားလာသည်ကို တွေ့ရှိနိုင်သည်။ ရုန်းကန်မှုသည် အဆုံးစွန်ထိ ရှည်လျားပြီးအောင်မြင်မသည့်ပုံမရနိုင်ပေ။

အဲမောင်း
East Asia Forum စာမျက်နှာတွင်ဖော်ပြသည့် Tita Sangleeရေးသားသော Thailand’s unwinnable war on scammers ကိုပြန်ဆိုပါသည်။Tita Sanglee သည် ISEAS-Yusof Ishak Institute ရှိ Thailand Studies Program နှင့် The Diplomat မှ ဆောင်းပါးရှင်ဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *