ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့်မြန်မာတို့တွင်ငလျင် ၉ ကြိမ်လှုပ်ခတ်ခဲ့

မေလ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ပြင်းအား ၁.၄ မှ ၃.၁ အကြားရှိအပျော့စားငလျင် ၉ ကြိမ်ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် မေလ ၉ရက်နေ့ညမှ ၁၀ ရက်နေ့ နံနက်အထိ မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ သိရသည်ဟု The Nation သတင်းကဖော်ပြသည်။

ထိုင်းနိုင်ငံတွင် ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ပထမငလျင်က မေလ ၉ရက်နေ့ည ၇ နာရီ ၃၃ မိနစ်တွင်လှုပ်ခဲ့ပြီးပြင်းအား ၁.၄နှင့် ၁၉ ကီလိုမီတာအနက်မှ ချင်းရိုင်ခရိုင် Wiang Paoမြို့နယ်၊ San Sali တွင် လှုပ်ခဲ့ခြင်းဖြစ်ကာငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၁၉.၃၈၄° နှင့် အရှေ့လောင်ဂျီတွဒ် ၉၉.၅၀၇° တွင် တည်ရှိသည်။

ဒုတိယငလျင်သည် ည ၉း၅၀ နာရီတွင် ဖြစ်ပွားခဲ့သည်။ မယ်ဟောင်ဆောင်ခရိုင်​ Musng မြို့နယ် Pong Sa မြို့နယ်ခွဲတွင် ပြင်းအား ၁.၅ နှင့် ၃ ကီလိုမီတာအနက်မှလှုပ်ခဲ့ခြင်းဖြစ်ကာငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၁၉.၂၄၆° နှင့် အရှေ့လောင်ဂျီတွဒ် ၉၈.၄၆၂° တွင် တည်ရှိသည်။

သတင်းပို့ချိန်အထိ ထိုင်းနိုင်ငံအတွင်း ပိုင်ဆိုင်မှုအပျက်အစီးသတင်းများ မရှိသေးကြောင်း အဆိုပါဌာနက ပြောသည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များမှတစ်ဆင့် ပြည်သူများအား အသိပေးရန်၊ ၎င်းတို့၏ နေအိမ်နှင့် အဆောက်အအုံများ၏ တည်ဆောက်ပုံဆိုင်ရာ ကြံ့ခိုင်မှုကို စစ်ဆေးရန်နှင့် မရှိမဖြစ် အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ပြင်ဆင်ထားရန် ဌာနက တိုက်တွန်းထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *