မေလ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာဒုက္ခသည် ၄၃ ဦးကိုအိန္ဒယအာဏာပိုင်များကခေါ်ဆောင်သွားခဲ့ပြီး မြန်မာနယ်စပ်အနီးရှိ နိုင်ငံတကာရေပိုင်နက်ထဲသို့ ပစ်ချခဲ့ကာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအား အသက်ကယ်အင်္ကျီများဖြင့် ဘေးလွတ်ရာသို့ ရေကူးခိုင်းခဲ့သည်ကို စွပ်စွဲထားသည်ဟု Maktoob Media သတင်းကမေလ ၁၃ရက်တွင်ဖော်ပြသည်။ ယင်းသို့လူမဆန်သောအဖြစ်အပျက်သည် မေလ ၈ ရက်နေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်အကြာတွင် ပြည်နှင်ဒဏ်ပေးခြင်းကို ဥပဒေအရ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယ တရားရုံးချုပ်မှ ရှေ့နေချုပ်က အာမခံခဲ့သည်။
နယူးဒေလီ၌နိုင်ငံမဲ့ ရိုဟင်ဂျာဒုက္ခသည်များကို နှိမ်နင်းဖြိုခွင်းမှုနှင့်နေရပ်ပြန်ပို့ရေးအားစိန်ခေါ်သည့် အသနားခံစာတစောင်ကို တုံ့ပြန်သည့်အနေနှင့်အိန္ဒိယတရားရုံးချုပ်က ၎င်းတို့သည်အိန္ဒိယဥပဒေအရ နိုင်ငံခြားသားဖြစ်ပါက ပြည်နှင်ဒဏ်ပေးခြင်းခံရမည်ဟုပြောသည်။ လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် နေရပ်မှထွက်ပြေးခဲ့ကြရသောရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်ရန် ငြင်းဆန်ခဲ့ပြီးနောက် နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံကြရသည်။ နယူးဒေလီမြို့ ဥတ္တမနာဂဒေသမှ ထိန်းသိမ်းခံထားရသော ၎င်းတို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည် နှစ်ဦးက မုတ်တိုကို အတည်ပြုခဲ့သည်။ နယူးဒေလီမြို့ ဥတ္တမနာဂဒေသမှ ထိန်းသိမ်းခံထားရသောရိုဟင်ဂျာနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Maktoob ကအတည်ပြုခဲ့သည်။
အိန္ဒိယ တရားရုံးချုပ်သို့ တင်သွင်းရန် ပြင်ဆင်သည့် အသနားခံစာတွင် “အသက် ၁၅ နှစ်အောက် ကလေးများ၊ အသက် ၁၆ နှစ်အောက် အမျိုးသမီး အရွယ်မရောက်သေးသူများ၊ အသက် ၆၆ နှစ်အထိ သက်ကြီးရွယ်အိုများ၊ ကင်ဆာနှင့် အခြားရောဂါဝေဒနာများ ခံစားနေကြရသူများမှာ ၎င်းတို့၏ အသက်အန္တရာယ်နှင့် လုံခြုံမှုကို ဂရုမစိုက်ဘဲ ပင်လယ်ထဲသို့ စွန့်ပစ်ခံခဲ့ရသူများထဲတွင် ပါဝင်သည်” ဟု ဖော်ပြထားသည်။ ၎င်း၏မိဘများသည် နယူးဒေလီမှ Andaman နှင့် Nicobar ကျွန်းများရှိ ပို့ဘလဲသို့ ရောက်ရှိသွားခဲ့ကြောင်း ရိုဟင်ဂျာခရစ်ယာန်ကိုယ်စားလှယ် David Nizarက ပြောကြားခဲ့သည်။ “နောက်ပိုင်းမှာတော့ သူတို့ဟာ လက်တွေကို ကြိုးတုပ်ပြီး ရေတပ်သင်္ဘောတွေပေါ်မှာ အတင်းအကြပ် ချထားခဲ့ပြီး မျက်လုံးတွေကို မှိတ်ထားခဲ့ပါတယ်။ ခရီးတလျှောက်လုံး အဲဒီအခြေအနေမှာပဲ ရှိနေခဲ့ပါတယ်” ဟု Nazir မှ Maktoob သို့ ပြောကြားခဲ့သည်။
အမျိုးသမီး ၁၃ ဦး အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၄၃ ဦးစလုံးကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တွင် မှတ်ပုံတင်ထားပြီး ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို စုဆောင်းသည်ဟူသည့်မူမမှန်သည့်အကြောင်းပြချက်ဖြင့်ခြင်းဒေလီရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။တရားရုံးချုပ်တွင် တင်သွင်းသည့် အဆိုပါ အသနားခံစာတွင် “အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာများကို မြန်မာမှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ပြန်လည်ပို့ဆောင်ရန်နှင့် ၎င်းတို့အား အချုပ်အနှောင်မှ လွှတ်ပေးရန်အတွက်အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အိန္ဒိယသို့ အမိန့်ချရန်” တောင်းဆိုထားသည်။