ထိုင်းနိုင်ငံဖုတ်ဖရမြို့နယ်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ကိုးဦး ဖမ်းဆီးခံရ

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ တာ့ခရိုင် ဖုတ်ဖရမြို့နယ်၊ Ban Valley Nuea ကျေးရွာ အမှတ် ၃ အနီးတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများ မှောင်ခို သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို မေလ ၁၈ ရက် နေ့လယ်ပိုင်းက ရာချာမန်နု အထူးတပ်ဖွဲ့မှ စစ်သားများက ကြားဖြတ်ဖမ်းဆီးခဲ့ရာ အသက် ၁၉ နှစ်မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ကိုးဦးကို ထိုင်းယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။


ယာဉ်မောင်းက Ban Mor Ker Thai နယ်စပ်နားမှ မြန်မာနိုင်ငံသားတွေကို ခိုးသွင်းခဲ့သည်ဟုဝန်ခံခဲ့ပြီး ဖုတ်ဖရမြို့နယ် Khiri Rat မြို့နယ်ခွဲသို့ပို့ဆောင်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းမှတဆင် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသများတွင် အလုပ်အကိုင်ရှာဖွေရန် ရည်ရွယ်ထားသောမြန်မာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်ဟုသတင်းကဆိုသည်။

ထိုင်းစစ်သည်များက ဖမ်းဆီးခံထားရသူအားလုံးကိုဖုတ်ဖရ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *