ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်ကိုKNLA ပူးပေါင်းတပ်ဖွဲ့များကဝိုင်းရံထား၍ ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာ

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သည် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) နှင့်အတူ ထိုင်းနိုင်ငံတာ့ခရိုင်မှ ကီလိုမီတာ ၅၀၀ခန့်အကွာရှိမြန်မာစစ်တပ်အခြေစိုက်ရာ ဖားအံမြို့နယ်ဟိုကေထအခြေစိုက် စခန်းအား ဒရုန်းများ အသုံးပြု၍ဝိုင်းရံထားသဖြင့် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၁၀၀ ခန့်သည် မေလ ၁၉ ရက်က ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။

Rachanu Task Force သည် တာဆောင်ယန်မြို့နယ်မှ ရဲအရာရှိများ၊အုပ်ချုပ်ရေးအရာရှိများနှင့်အတူ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးဆောင်လျက်ရှိသည်။

တစ်ချိန်တည်းတွင် ရဲတပ်ဖွဲ့ဝင်များသည် လှည့်ကင်းများကို အရှိန်အဟုန်မြှင့်ကာ ပြည်သူများအား လုံခြုံရေး အပြည့်ချထားပေးလျက်ရှိသည်ဟုလည်းဆိုသည်။

#သောင်ရင်းသတင်းလွှာ #ထိုင်း #မြန်မာ #စစ်ဘေးရှောင် #ဒုက္ခသည် #စစ်ပွဲ

By admin

Leave a Reply

Your email address will not be published. Required fields are marked *