ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ငလျင်အနည်းငယ် လှုပ်ခတ်ခဲ့

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းငလျင်စောင့်ကြည့်ရေးဌာနမှ မေလ ၁၉ရက် ညသန်းခေါင်မှစတင်၍ လှုပ်ခတ်မှု ရှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ခြောက်ခုသည် မြန်မာနိုင်ငံတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကာထိုင်းနှင့် အင်ဒိုနီးရှားတို့တွင်တစ်ကြိမ်စီဖြစ်သည်ဟုမှတ်တမ်းတင်ထားကြောင်း The Nation ကဖော်ပြသည်။ ယင်းတို့အနက်အပြင်းဆုံးမှာပြင်းအား ရစ်ခ်ျတာစကေး ၅.၃ ရှိသည်ဟုဆိုသည်။ ၎င်းငလျင်များမှာ(ထိုင်းစံတော်ချိန်)နံနက် ၉ နာရီ ၄၅ မိနစ် – ပြင်းအား ၄.၃၊ အနက် ၁၀ ကီလိုမီတာ၊ မြောက်ဆူမားတြား၊ အင်ဒိုနီးရှား။


နံနက် ၉ နာရီ ၃၂ မိနစ် – ပြင်းအား ၂.၃၊ အနက် ၁ ကီလိုမီတာ၊ မယ်ဟိုင်းမြို့နာ်Pai မြို့နာ်ခွဲ မယ်ဟောင်ဆောင်ခရိုင် ထိုင်းနိုင်ငံ။
နံနက် ၄ နာရီ ၅၆ – ပြင်းအား ၂.၄ အနက် ၁၀ ကီလိုမီတာ၊ မြန်မာ
နံနက် ၂.၂၉ နာရီ – ပြင်းအား ၂.၉ အနက် ၁၀ကီလိုမီတာ၊ မြန်မာ။
နံနက် ၂ နာရီ ၁၅ မိနစ် – ပြင်းအား ၅.၃၊ အနက် ၁၀ ကီလိုမီတာ၊

မြန်မာ။
နံနက် ၁း၃၆ – ပြင်းအား ၁.၉၊ အနက် ၁၀ ကီလိုမီတာ၊ မြန်မာ။
နံနက် ၁ ၂၆နာရီ – ပြင်းအား ၂.၁၊ အနက် ၁၀၊ကီလိုမီတာ၊ မြန်မာ။
နံနက် ၀.၅၆ – ပြင်းအား ၃.၀၊ အနက် ၁၀ ကီလိုမီတာ၊ မြန်မာ တို့ဖြစ်ကြသည်။

လက်ရှိအချိန်အထိ အဆိုပါဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုသတင်းများ မရှိသေးကြောင်း ငလျင်စောင့်ကြည့်ရေးဌာနမှ သိရသည်။ အာဏာပိုင်များက အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ငလျင်အန္တရာယ် ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်သူများကို သတိပြုနေထိုင်ရန် အကြံပြုထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *