မြန်မာမှာ လူသုံးများတဲ့အမှတ်တံဆိပ်တွေအပါအဝင် ကုန်ပစ္စည်းတု ဘတ်သန်း ၆၀ ကျော်ဖိုး ထိုင်းရဲဖမ်းဆီး

မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာက ဈေးကွက်ထဲမှာ လူသုံးများတဲ့ မျက်နှာသစ်ဆေး၊အသားအရည်ထိန်းကရင်မ်၊အလှဆီတွေ အပါအဝင် ကုန်ပစ္စည်းအတု ဘတ်သန်း ၆၀ ကျော်ဖိုးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို CIB ရဲ့ စီမံချက် အတွင်းဖမ်းဆီးရမိတယ်လို့ CIB က ထုတ်ပြန်တယ်လို့ BBC သတင်းကမေလ ၂ရက်နေ့က​မှာဖော်ပြပါတယ်။


CIB အောက်က စီးပွားရေးဆိုင်ရာ မှုခင်းနှိမ်နင်းရေးဌာနခွဲကနေ ထိုင်းနိုင်ငံ၊စမွတ်စခွန်ခရိုင်ထဲက ဂိုဒေါင် တစ်ခုကို ဝင်ရောက်စီးနင်းချိန်မှာ အခုလို ကုန်အမှတ်တံဆိပ်တွေကို အတုအပပြုလုပ်ဖြန့်ချိနေတဲ့ ပစ္စည်းတွေကို ဖမ်းမိခဲ့တာပါ။

ဒီလုပ်ငန်းကို တရုတ်နဲ့ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူတွေက နောက်ကွယ်ကနေ လုပ်ကိုင်နေတာဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်းချိန်မှာ အသက် ၁၉ နှစ် နဲ့ ၂၇ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိ တယ်လို့ CIB ကထုတ်ပြန်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ အလှအပိုင်ဆိုင်ရာပစ္စည်းတွေအပြင် နာမည်ကြီးအမှတ် တံဆိပ် အိတ်၊ဆေးဝါး၊ကွန်ဒုံးတွေလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်တွေကို အတုအပပြုလုပ်ပြီး ထုတ်လုပ်ဖြန့်ချိတာဟာ ရာဇဝတ်ဥပဒေပုဒ်မ ၂၇၂ နဲ့ ငြိစွန်းတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကဆိုထားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *