ပါပူဝါနယူးဂီနီတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက်ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ငလျင်ငယ်များ လှုပ်ခတ်

မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ပါပူဝါနယူးဂီနီတွင် မေ ၂၀ရက်နေ့ညက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ထိုင်းမိုးလေဝသဌာန၏ မြေငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်ဟု The Nation သတင်းကမေ ၂၁ရက်တွင်ဖော်ပြသည်။ အဆိုပါငလျင်သည် ည ၁၀ နာရီ ၆ မိနစ်တွင် လှုပ်ခတ်သွားကြောင်းသိရသည်။ မေ ၂၀ရက်နေ့ (ထိုင်းစံတော်ချိန်) တွင် ပြင်းအား ၆.၅ ရှိပြီး အနက် ၁၀ ကီလိုမီတာမှလှုပ်ခတ်ခဲ့ကာ၊ ငလျင်ဗဟိုချက်မှာ ပါပူဝါနယူးဂီနီ၏ မြောက်ဘက်ကမ်းရိုးတန်းအနီးတွင် မြောက်လတ္တီတွဒ် -၃.၅၆° နှင့်အရှေ့ လောင်ဂျီတွဒ် ၁၄၄.၉၆° တို့ဖြစ်သည်။ အဆိုပါငလျင်သည် ဘန်ကောက်မြို့မှ ၅၂၆၈ ကီလိုမီတာခန့်အကွာတွင် ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံကို တိုက်ရိုက်ထိခိုက်မှုမရှိကြောင်း အဆိုပါဌာနက ပြောသည်။


လွန်ခဲ့သည့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတို့တွင် ပြင်းအား ၂.၁ မှ ၃.၉ အထိငလျင်များလှုပ်ခတ်ခဲ့ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်များအနက် တစ်ခုမှာ မယ်ဟောင်ဆောင်ခရိုင် Pong Sa မြို့နယ်Pai မြို့နယ်ခွဲတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါဌာနက ပြောသည်။ မွန်းလွဲ ၁ နာရီ ၅၈ မိနစ်တွင် ငလျင်လှုပ်ခတ်ခဲ့သည်။မေလ ၂၉ရက်တွင် ပြင်းအား ၂.၁၊၁ကီလိုမီတာအနက်၊ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၁၉.၁၃၄° နှင့် အရှေ့လောင်ဂျီတွဒ် ၉၈.၆° တွင် တည်ရှိသည်။ မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း အဆိုပါဌာနက ဆိုသည်။ အာဏာပိုင်များက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အဆိုပါဒေသတွင် နေထိုင်သူများ သတိရှိရန်နှင့် နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *