မေလ ၂၁ ၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကီလိုဂရမ် ၁၀၀ ရှိမက်တာဖီတမင်းနှင့် ကက်တမင်း မှောင်ခို သယ်ဆောင်လာသည့် ဒေသခံ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ဘန်ကောက်ပို့စ်ကမေ ၂၁ရက်တွင်ဖော်ပြသည်။ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နှင့် တာချီလိတ်ကို ဆက်သွယ်ထားသည့် အမှတ်၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် သံသယရှိသူ ၏ မော်တော်ယာဉ်ကို ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေခဲ့ကြောင်းသိရသည်။ မွန်းလွဲပိုင်းတွင် ချင်းရိုင်တွင် မှတ်ပုံတင်ထားသည့် အနက်ရောင် Chevrolet ယာဉ်တစ်စီးသည် ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရာရပ်တန့်ပြီး ရှာဖွေခဲ့သည်။
ကားအမိုးတွင် ပုံမှန်မဟုတ်သော အကွက်တစ်ခုတွေ့ရှိခဲ့ပြီး ရှာဖွေရာအတွင်းတွင် လက်ဖက်ခြောက်အထုပ် ၁၀၀ တွေ့ရှိရပြီးအထုပ်များတွင် မူးယစ်ဆေးဝါးများပါရှိသည်ဟုဆိုသည်။ ယင်းတို့အနက် မက်သာဖီတမင်းစိတ်ကြွဆေးပြား ၆၀ ထုပ်နှင့် ကီတာမင် အထုပ် ၄၀ တို့ကို တွေ့ရှိခဲ့သည်။ အလေးချိန် တစ်ကီလိုဂရမ်စီ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အသက်(၄၉)နှစ်အရွယ် ယာဉ်မောင်းမှာ မယ်ဆိုင်ခးမြို့ဝိန်းပန်ခမ်းတွင် နေထိုင်သူဖြစ်သည်။ သူ့ကို Boonpan ဟုသာသိရှိရသည်။