မေလ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ချင်းရိုင်ခရိုင် Kok မြစ်တစ်စိတ်တစ်ပိုင်းနှင့် Sai မြစ်တို့တွင် အာဆင်းနစ်နှင့် ခဲဓာတ်များ မြင့်မားစွာ တွေ့ရှိခဲ့ပြီး ရေဘေးကင်းရေး၊ ဒေသခံငါးများ နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ခြေကို စိုးရိမ်မှုများ မြင့်တက်လာကြောင်း မကြာသေးမီက အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်ဟု ဘန်ကောက်ပို့စ်က မေလ၂၀ရက်ကဖော်ပြသည်။ ချင်းမိုင်မြို့ ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး တိုင်းဒေသကြီး ၁ ရုံးမှ ၂၀၂၅ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော ရေမျက်နှာပြင် အရည်အသွေး စစ်ဆေးခြင်းမှ တွေ့ရှိချက်များကို Kok ၊ မဲခေါင်နှင့် Saiမြစ်များ အတွင်းသို့ စီးဝင်သော မြစ်လက်တက်များ ဖြတ်ကျော်သည့် နေရာရှစ်ခုတွင်ယင်းကဲ့သို့တွေ့ရှိခဲရကြောင်း ထုတ်ပြန်ခဲ့သည်။
Korn၊ Lao နှင့် Sruay မြစ်များမှ ရေနမူနာများသည် အမျိုးသားလုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီသော်လည်း မဲခေါင်မြစ်များနှင့် Sai မြစ်များအနီးရှိ နေရာအများအပြားတွင် သတ္တုပါဝင်မှုအကြီးစား ညစ်ညမ်းမှုအဆင့်ကို စိုးရိမ်ဖွယ်ရာပြသခဲ့သည်။ ဒေသခံငါးအများစုသည် အနာနှင့် ရောင်ရမ်းခြင်းလက္ခဏာများ ပြသနေကြသည်။ ချင်းဆန်မြို့နယ်ရှိ Kokနှင့် မဲခေါင်မြစ်ဆုံအနီးနမူနာနေရာနှစ်ခုသည် အာဆင်းနစ်ပါဝင်မှု 0.031 mg/L နှင့် 0.036 mg/Lရှိနေကြပြီး နိုင်ငံလုံးဆိုင်ရာကန့်သတ်ချက် 0.01 mg/L ထက် ကျော် လွန်နေပါသည်။ ဤတွေ့ရှိချက်များသည် ကျယ်ပြန့်သော မဲခေါင်မြစ်၏ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် အလားအလာရှိသော မြစ်ညာလေထုညစ်ညမ်းမှု အရင်းအမြစ်များကို ညွှန်ပြနေသည်။
အထူးသဖြင့် မယ်ဆိုင်ခရိုင်တွင် ပိုမိုဆိုးရွားသော ညစ်ညမ်းမှုကို တွေ့ရှိရသည်။ Ban Hua Fai တွင် ခဲအဆင့်သည် 0.058 mg/l နှင့် arsenic 0.44 mg/l သို့ရောက်ရှိခဲ့သည်။မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဒုတိယထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် ခဲအား 0.063 mg/l နှင့် arsenic 0.45 mg/l ဖြင့် တိုင်းတာတွေ့ရှိခဲ့ပါသည်။ Koh Chang ခရိုင် Ban Pa Sang Ngam တွင် ခဲသည် 0.066 mg/l ရောက်ရှိပြီး အာဆင်းနစ် 0.49 mg/l အထိ မြင့်တက်ခဲ့သည်။ အာဏာပိုင်များသည် ညစ်ညမ်းရခြင်း၏ အရင်းအမြစ်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း လူထုကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ချက်ခြင်းစုံစမ်းစစ်ဆေးရန်နှင့် ပြန်လည်ကုစားရန် ကြိုးပမ်းမှုများကို သဘာဝပတ်ဝန်းကျင်အဖွဲ့များက တိုက်တွန်းထားသည်။