မေလ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) တို့သည် ကရင်ပြည်နယ် ဘားအံခရိုင် ရှိခမရ ၂၄ လက်အောက်ခံ မြန်မာ စစ်အခြေစိုက် စခန်းအားသိမ်းယူခဲ့ပြီးယင်းစခန်းသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲတန် ခရိုင် ထဆောင်ယန်း မြို့နယ်များနှင့်မျက်နှာချင်းဆိုင်ဒေသဖြစ်ကြောင်း Thai Enquirer သတင်းကမေလ ၂၀ရက်နေ့တွင်ဖော်ပြသည်။ KNU မှ ပြင်းထန်စွာ ညတွင်းချင်း ထိုးစစ်ဆင်ခဲ့ပြီး မေလ ၂၀ ရက် နံနက်တွင် တပ်စခန်းအား လုံး၀ သိမ်းပိုက်နိုင်ခဲ့သည်။
မြန်မာစစ်သည်များအရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးသွားကြောင်း သိရသည်။ မဲဆောက်ရှိ Rachamanu Task Force နှင့် Ranger Task Force 35 တို့မှ ထိုင်းတပ်ဖွဲ့ဝင်များသည် အထူးသဖြင့် မြန်မာဘက်ခြမ်းမှ စစ်သားများ ထိုင်းနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာမှု ရှိမရှိ စစ်ဆေးရန် စေလွှတ်ခဲ့သည်။ KNU ၏ ပြောကြားချက်အရ စစ်ဆင်ရေးအတွင်း မြန်မာစစ်သား ၂၇ ဦးသည် သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနယ်မြေအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့ထံမှ ရိုင်ဖယ်သေနတ် ၂၄ လက်၊ ပစ္စတိုတစ်လက်၊ ၆၀ မီလီမီတာ မော်တာတစ်လက်၊ ၅.၅၆ မီလီမီတာကျည်ပါ ကျည်ကတ် ၆၀ ၊ ပစ္စတိုတစ်လက်နှင့် ၈၁ မီလီမီတာ မော်တာတစ်လက်တို့ ပါဝင်သည်။ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမှ အရပ်သား ၂၄၁ ဦး ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ယခုအခါ ၎င်းတို့သည် မဲတန်ခရိုင်ရှိ ယာယီဘေးကင်းရေးဇုန်တွင် တည်းခိုနေထိုင်လျက်ရှိသည်။ ထိုင်းအာဏာပိုင်များသည် လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိသည်။