ထရမ့်အစိုးရက မြန်မာနှင့်ဗီယက်နမ်လူမျိုးများအား တောင်ဆူဒန်သို့ပို့ဆောင်ခဲ့

မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တောင်ဆူဒန်သို့ရွှေ့ပြောင်းနေထိုင်သူများကို ပို့ဆောင် အမိန့်ပေးခြင်းသည် ဥပဒေနှင့်မညီပါက အမေရိကန်တာဝန်ရှိသူများက ထိန်းချုပ်ထားရန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက မေ ၂၀ရက်နေ့နှောင်းပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ခရိုင်တရားသူကြီး Brian E. Murphy သည် အရေးပေါ်ကြားနာပြီးနောက် ထရမ့်အစိုးရကပြည်တွင်းလာရောက်နေထိုင်သူများအား အခြားနိုင်ငံများသို့ ပို့ဆောင်ခြင်းကို တားမြစ်ထားသော်လည်းထရမ့်အစိုးရသည် မြန်မာနှင့် ဗီယက်နမ်မှ လူများကို တောင်ဆူဒန်သို့ ပို့လိုက်ပုံရသည်ဟု AP သတင်းကမေလ ၂၁ရက်တွင် ဖော်ပြသည်။ တရားရုံးမှ ယင်းပို့ဆောင်မှုသည် ဥပဒေနှင့်မညီကြောင်း တွေ့ရှိပါက လက်တွေ့ကျနိုင်ခြေကို သေချာစေရန် အစိုးရသည် “တောင်ဆူဒန်သို့ လက်ရှိပို့ဆောင်ခြင်းခံရသော သူများ သို့မဟုတ် အခြားတတိယနိုင်ငံသို့ ပိုဆောင်ခြင်းခံထားရသောသူများကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း Murphy မှ ပြောကြားခဲ့သည်။

Murphy မှအသေးစိတ်အချက်အလက်များကိုအစိုးရ၏ဆုံးဖြတ်ပိုင်ခွင့်တွင်ထားခဲ့စဉ်တွင်သူသည်ရွှေ့ပြောင်းနေထိုင်သူများအား “လူသားဆန်စွာဆက်ဆံခံရလိမ့်မည်ဟုမျှော်လင့်သည်” ဟုပြောကြားခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် နိုင်ငံအများအပြားမှလူများအား အာဖရိကသို့ လူတစ်ဒါဇင်အထိ စေလွှတ်နိုင်ဖွယ်ရှိကြောင်း ရွှေ့ပြောင်းနေထိုင်သူများအတွက် ရှေ့နေများက တရားရုံးအမိန့်ကို ချိုးဖောက်ကာ ၎င်းတို့အား မွေးရပ်ပြင်ပနိုင်ငံသို့ ပို့ဆောင်ခြင်းသည် ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ပြောဆိုနေကြောင်း တရားသူကြီးအား ပြောကြားခဲ့သည်။ တက္ကဆက်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးထံမှ အီးမေးလ်တစ်စောင်တွင် မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦးအားတောင်ဆူဒန်သို့ပို့ဆောင်ခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။


သူအားယင်းကိစ္စကို​အင်္ဂလိပ်ဘာသာဖြင့်သာ အကြောင်းကြားခဲ့ပြီး သူသည်အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်စွာနားလည်ခြင်းမရှိကြောင်း သိရှိရပြီး ၎င်း၏ ရှေ့နေများက သူကိုမပို့ဆောင်မီနာရီပိုင်းအလိုတွင်မှ အစီအစဉ်ကို သိရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဗီယက်နမ်မှအမျိုးသမီးတစ်ဦးကလည်း ၎င်း၏ခင်ပွန်းနှင့် အခြားလူ ၁၀ ဦးအထိ အာဖရိကသို့ မေလ ၂ရက်နေ့နံနက်ပိုင်းက လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်ဟုပြောကြားကြောင်းအမျိုးသား လူဝင်မှုကြီးကြပ်ရေး မဟာမိတ်အဖွဲ့မှ ရှေ့နေများက ရေးသားခဲ့သည်။ ရှေ့နေများသည် Murphy အား ပြည်နှင်ဒဏ်ပေးမှုကို တားဆီးရန် အရေးပေါ် တရားရုံးအမိန့်တစ်ခု တောင်းဆိုခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒင်မှ ခန့်အပ်ခြင်းခံရသော Murphy သည် လစ်ဗျားသို့ လူများကို အသိပေးခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပေးမည့် အစီအစဉ်သည် ၎င်း၏ စီရင်ချက်ကို “ရှင်းရှင်းလင်းလင်း” ချိုးဖောက်ခြင်းဖြစ်ကြောင်း ယခင်က တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ၎င်းတို့၏ တရားဝင် အယူခံဝင်မှုအား ကုန်ဆုံးသွားသူများနှင့်လည်း သက်ဆိုင်သည်ဟုဆိုသည်။

ထိခိုက်နစ်နာ ရွှေ့ပြောင်းနေထိုင်သူများကို ဖော်ထုတ်ရန်၊ တတိယနိုင်ငံသို့ မည်ကဲ့သို့ ပို့ဆောင်ဖယ်ရှားခံရမည်ကို သိရှိရန်၊ မည်သည့်အချိန်တွင် ကိုင်တွယ်ဖြေရှင်းရန်နှင့် အကြောက်တရားအခြေခံသည့် တောင်းဆိုချက်တစ်ရပ်ကို ဖော်ထုတ်ရန် မည်ကဲ့သို့ အခွင့်အရေးများ ပေးအပ်ရန် အမေရိကန်တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် တရားရုံးတွင် လာရောက်ရမည်ဟု Murphy က မေ ၂၀ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။ ပို့ဆောင်ဖယ်ရှားပြီးသား ရွှေ့ပြောင်းနေထိုင်သူများရောက်ရှိသွားသည့် နေရာကို အစိုးရက သတင်းအချက်အလက် ပေးရမည်ဟုလလည်း သူက ပြောသည်။ အမိမြေလုံခြုံရေးဌာနနှင့် အိမ်ဖြူတော်တို့က AP မှမှတ်ချက်တောင်းခံသည့်စာများကို ချက်ချင်းအကြောင်းမပြန်ခဲ့ပါ။

By admin

Leave a Reply

Your email address will not be published. Required fields are marked *