ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်မှ ညစ်ညမ်းရေများကို သန့်စင်ဖို့ရေစစ်ဆည်များ တည်ဆောက်ရန် စီစဉ်နေ

မေလ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အိမ်နီးချင်း မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းမှ အန္တရာယ်ရှိသော ညစ်ညမ်းမှုများကို စစ်ထုတ်ရန်အတွက် မြောက်ပိုင်းမြစ်များပေါ်တွင် ရေစစ်ဆည်များတည်ဆောက်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ရ်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။ ရေနမူနာများတွင်ချင်းမိုင်နှင့်ချင်းရိုင်ခရိုင်များရှိ Kok၊ Sai နှင့် မဲခေါင်မြစ်များတွင် အန္တရာယ်မကင်းသော သတ္တုအကြီးစားများ အထူးသဖြင့် အာဆင်းနစ်နှင့် ခဲတို့ကို တွေ့ရှိခဲ့သည်။  အဆိုပါ ညစ်ညမ်းမှုသည် မြန်မာနိုင်ငံရှိ မိုင်းတွင်းများမှ ထွက်လာသည်ဟု ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် Mr Phumtham က ပြောသည်။


မြန်မာအာဏာပိုင်များ၏ အဆိုအရ ရေလွှမ်းမိုးခံနယ်မြေများသည် သူပုန်လူမျိုးစုများ၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ ရေအရင်းအမြစ် ဦးစီးဌာနသည် နောက်ပိုင်းတွင် အန္တရယ်ရှိသည့်စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်မည့် ဆည်များကို ဒီဇိုင်းရေးဆွဲနေကြောင်း ၎င်းက ဆိုသည်။ “ဆည်တွေက ဒီဇိုင်းဆွဲနေတုန်းပဲ။ ပြဿနာရဲ့ မူလဇစ်မြစ်က ထိုင်းနိုင်ငံမှာ မဟုတ်ဘူးဆိုတော့ တစ်ခုခုနဲ့ ပြဿနာရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကောင်းဆုံးပဲ” ဟု Mr Phumtham က ပြောသည်။ ရေနမူနာများကိုစမ်းသပ်မှုများအရနေရာအများအပြားတွင် အန္တရာယ်မကင်းသော ညစ်ညမ်းမှုအဆင့်ကို ပြသခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့သည်။ “ဒါပေမယ့် အဲဒါက ချက်ချင်းအန္တရာယ်မဖြစ်ပါဘူး” ဟု ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနနှင့် ကျန်းမာရေးဌာနတို့ကယင်းသည် ရေရှည်ပြဿနာဖြစ်ပြီး လက်ငင်းပြဿနာမဟုတ်ကြောင်း သိရသည်။ “ဘာမှ မလုပ်ရင် အနာဂတ်မှာ ပြဿနာတွေ ရှိလာမယ်။ ဒါပေမယ့် လက်ရှိမှာ အန္တရာယ်မရှိဘူးလို့ ကျွန်တော် အတည်ပြုပါတယ်” ဟု Mr Phumtham က ပြောသည်။ “ဒေသခံတွေက ထိုင်းနိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်ပြီး အရေးကြီးတဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။ အစိုးရအနေနဲ့ ပြည်သူတွေကို ဒီအန္တရာယ်တွေခံစားရစေမှာ မဟုတ်ဘူး။ သူတို့ကို ကာကွယ်ဖို့ တာဝန်ရှိတယ်” ဟု ဒုတိယဝန်ကြီးချုပ်က ပြောသည်။ Kok နှင် Saiမြစ်တို့သည် မြန်မာနိုင်ငံဘက်မှအဓိကရေစီးကြောင်းများရှိသည်။ Saiစမြစ်သည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့သို့ ဝင်ရောက်ပြီး ချင်းဆန်ခရိုင်ရှိမဲခေါင်မြစ်ကို ချိတ်ဆက် သည်။ Kokမြစ်သည် ချင်းမိုင်ခရိုင် မယ်အိုက်ခရိုင်အတွင်း သို့ ဝင်ရောက်ကာ ချင်းရိုင်ခရိုင် ချင်းဆန်ခရိုင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *