မေလ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံတာ့ခရိုင် ဖုတ်ဖရာ့မြို့နယ်နှင့်မျက်နှာချင်းဆိုင်မြန်မာနိုင်ငံကရင်ပြည်နယ်တွင် မေလ ၂၂ရက်နေ့ နံနက်အထိ တိုက်ပွဲများ တညလုံး ဖြစ်ပွားနေသည့် အတွက်မြန်မာ နယ်စပ်တလျှောက် တိုက်ပွဲများကို ထိုင်းစစ်တပ်မှRatchamanu Task Force မှ အနီးကပ် စောင့်ကြည့်နေသည်ဟု The Nation ကဖော်ပြသည်။ ကရင်ပြည်နယ် မြဝတီခရိုင် နမ့်ဒန်စစ်ဆေးရေးဂိတ်အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အား လက်နက်ကြီးများဖြင့်မေလ ၂၁ ရက် ညနေ ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မြန်မာစစ်တပ်တပ်ရင်း ၃၁၅ မှ တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုင်း တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး နတ္တခွန် ရူတင်းက ရှင်းပြသည်။
ဤနယ်မြေသည် နယ်စပ်မှ မီတာ ၅၀၀အကွာတွင်ရှိသော Ruam Thai Phatthana မြို့၊ ဖုတ်ဖရာ့မြို့၊ Tak ခရိုင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ ည ၉ နာရီခန့်တွင် KNLA က နယ်စပ်မှ တစ်ကီလိုမီတာခန့်အကွာ ဖုတ်ဖရာ့မြို့နယ်အနီးနှင့် မြဝတီခရိုင် ခြေမြန်တပ်ရင်း ၈ မှ မြန်မာတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ဆယ်မိနစ်အကြာတွင် KNLA သည် နယ်စပ်မှ တစ်ကီလိုမီတာအကွာရှိ ဖ့ဖရာခရိုင်ဘက်နှင့် မြဝတီခရိုင်ရှိ ခမရ ၄၄၃ နှင့် ခမရ ၃၂ တို့ကို မောင်းသူမဲ့လေယာဉ်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။