မယ်ဆိုင်မြို့တွင် မိုးရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြ

မေလ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုင်းမြစ်ရေလျှံကာ နေရာအများအပြား ရေနစ်မြုပ်နေသောကြောင့် မေလ ၂၄ ရက်နေ့တွင် ပြင်းထန်စွာ ရေကြီးရေလျှံမှု ကြုံတွေ့နေရသည်။ မမျှော်လင့်ဘဲ ရေမြင့်တက်မှုကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု The Nationကဖော်ပြသည်။ နံနက် ၂ နာရီခန့်မှစတင်၍ Sai မြစ်အတွင်းရေမြင့်တက်ခဲ့ပြီး ထန်းဖောင်းကျေးရွာ၊ Sai Lom Joy Market၊ Noi Muang Dang ဈေး၊ Muang Dang Community နှင့် Mai Lung Khon Community အပါအဝင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချို့နေရာများတွင် ရေအနက် ၀.၅မှ ၁ မီတာအထိ ရှိပြီး အချို့နေရာများတွင် ရေများ လျင်မြန်စွာ ပျံ့နှံ့နေပါသည်။ နေအိမ်အများအပြား နစ်မြုပ်ခဲ့ပြီး ဒေသခံများသည် အဖိုးတန်ပစ္စည်းများကို အမှောင်ထဲတွင် ရွှေ့ပြောင်းခိုင်းခဲ့ရသည်။


အထူးသဖြင့် အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအောက်တွင် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး တာတမံ ကျိုးပေါက်ကာ သဲအိတ်ကြီးများဖြင့် ခေတ္တ အားဖြည့်ပေးထားကြောင်း တာဝန်ရှိသူများက ပြောသည်။ ယင်းကြောင့် ယမန်နှစ် ရေကြီးမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် Sai မြစ်တစ်လျှောက်ရှိ အသိုင်းအဝိုင်း အများအပြား ရေနစ်မြုပ်မှု ဖြစ်စေခဲ့သည်။ နံနက် ၆း၀၀ နာရီအထိ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးဆက်လက်သည်းထန်စွာရွာသွန်းမှုကြောင့် ရေဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။ အာဏာပိုင်များက အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟုဆိုသည်။

ကနဦးအစီရင်ခံစာများအရ ထိခိုက်ခံစားရသည့်အသိုက်အဝန်းများမှာ ဝိန်းဖန်ခမ်းမြို့ မူး ၁ ကျေးရွာနှင့် မယ်ဆိုင်မြို့နယ်မူး ၇ ၊မူး ၁၀ ကျေးရွာတို့ပါဝင်သည်။ မယ်ဆိုင်မြို့လယ်တွင် ရေကြီးရေလျှံမှု လျော့နည်းစေရန် မေလ ၂၄ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထိုင်းတပ်မတော်သားများက ကိုဆိုင်းကျေးရွာရှိ တာတမံများ အား ဖြည့်တင်းပေးခဲ့သည်။ တံတားပေါ်ရှိ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းကာ ဒေသခံများကို ကယ်ထုတ်ရန် စစ်တပ်နှင့် အခြားဌာနဆိုင်ရာများနှင့်အတူ ဒေသဆိုင်ရာ အာဏာပိုင်များက လုပ်ဆောင်လျက်ရှိသည်။ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအား အပျက်အစီးများ ရှင်းလင်းရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ယာယီပိတ်ထားကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *