တရုတ်၏တောင်းဆိုချက်ကြောင့် တရားမဝင်လုပ်ငန်းနှင့်ကျားဖျန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို UWSA ဖမ်းဆီးလွှဲပြောင်း

မေလ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA/UWSP၊ “ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီက တရုတ်ပြည်အစိုးရ၏ တောင်းဆိုချက်ကြောင့်တရားမဝင်လုပ်ငန်းနှင့်ကျားဖျန့်လုပ်ကိုင်သည့်တရုတ်နိုင်ငံသားများအားဖမ်းဆီးလွှဲပြောင်းပေးခဲ့ကြောင်း Wa News Land သတင်းကမေလ ၂၄ရက်ကဖော်ပြသည်။ ယင်းတို့အား မေလ ၉ ရက်၊ မေလ ၁၃ ရက်နှင့် ဧပြီ ၂၃ ရက်များ အသီးသီးတွင်ဖမ်းဆီးလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရ၏တောင်းဆိုစာ လက်ခံရရှိပြီးတဲ့နောက် မေလ ၉ ရက်နေ့တွင်တရုတ်နိုင်ငံသား (၁) ဦး၊ မေလ (၁၃) ရက်နေ့တွင်(၃) ဦးနှင့် ဧပြီလ (၂၃) ရက်နေ့၌ (၁) ဦးတို့အား”ဝ” ပြည်နယ်၊ တရုတ်နယ်စပ်ဂိတ်ဖြစ်သော Meng’ka ဆိပ်ကမ်းမှတဆင့် တရားဝင်လွှဲပြောင်းခဲ့ကြောင်း သိရှိရပါသည်။

WSP (Wa Special Police) ၏မေလ ၁၄ ရက်နေ့ထုတ် သတင်းစာစဥ်အရ ရာဇဝတ်မှု ကျူးလွန်သည်ဟုယူဆရသော သံသယရှိသူနှင့်အမှုတွင်ပါဝင်ပတ်သက်နေသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးပေးရန်အတွက် အကူအညီတောင်းခံစာ လက်ခံရရှိပြီးနောက် “ဝ” ပြည်နယ် တရားရေး ကော်မတီက ချက်ချင်း ရှာဖွေဖမ်းဆီးခဲ့ရာ ပါဝင်ပတ်သက်သူများကို အောင်မြင်စွာဖြင့်ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

ဓာတ်ပုံ – WSP (Wa Special Police)

By admin

Leave a Reply

Your email address will not be published. Required fields are marked *