မေလ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
“ရွှေတြိဂံ” ဧရိယာမှ ဓာတုဆေးဝါးများ တရားမဝင် ထုတ်လုပ်ရောင်းဝယ် ဖောက်ကားမှုသည် မကြာသေးမီကာလများအတွင်း အဆမတန် ကြီးထွားလာခဲ့ပြီး အရှေ့နှင့် အရှေ့တောင်အာရှတွင် စိတ်ကြွဆေးပြား ပမာဏ စံချိန်တင်ဖမ်းဆီးရမိမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ၂၃၆ တန်ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၄% တိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) မှထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်ဟု The Phnom Penh Post သတင်းကမေလ ၂၈ရက်တွင်ဖော်ပြသည်။ ၂၃၆ တန်သည် သိမ်းဆည်းရမိသည့် ပမာဏကိုသာ ကိုယ်စားပြုပြီး စိတ်ကြွဆေးပြား အများအပြား စျေးကွက်သို့ အမှန်တကယ် ရောက်ရှိနေကြောင်း UNODC အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယာယီ ဒေသဆိုင်ရာ ကိုယ်စားလှယ် Benedikt Hofmann က ပြောကြားခဲ့သည်။
“ဒီဖမ်းဆီးရမိမှုတွေဟာ တစိတ်တပိုင်းအားဖြင့် အောင်မြင်တဲ့ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းမှုတွေကို ရောင်ပြန်ဟပ်နေချိန်မှာ အထူးသဖြင့် ရှမ်းပြည်နယ် အထူးသဖြင့် ရွှေတြိဂံဒေသက စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု အဆင့်တွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အရှေ့နှင့်အရှေ့တောင်အာရှတွင် ဓာတုဆေးဝါးများ- နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုများနှင့် စိန်ခေါ်မှုများ” ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ သိသိသာသာ တိုးလာကြောင်း အစီရင်ခံစာက ဖော်ပြသည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ ရရှိသော ဝင်ငွေများ လိုအပ်နေချိန်တွင် ဒေသတွင်း ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ချဲ့ထွင်ရန် အခြေအနေကောင်းများ ဖန်တီးပေးကာ ဒေသတွင်းနှင့် ပြင်ပနိုင်ငံများကိုပါ သက်ရောက်မှု ရှိစေပါသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကို စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားသည့် အဓိက လမ်းကြောင်းနှင့် ဦးတည်ရာနေရာအဖြစ် သတ်မှတ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံသည် ဒေသတွင်း၌ စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ “အဓိကအားဖြင့် လာအိုမှတဆင့် မြန်မာနဲ့ ကမ္ဘောဒီးယားကို ဆက်သွယ်တဲ့ လူကုန်ကူးမှုလမ်းကြောင်းဟာ လျင်မြန်စွာ တိုးချဲ့နေပါတယ်” ဟု UNODC အရှေ့တောင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးမှ လေ့လာသူ Inshik Sim က ပြောသည်။
“နောက်ထပ် ပိုသိသာထင်ရှားတဲ့ စင်္ကြံတစ်ခုမှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကို ချိတ်ဆက်ထားတဲ့ ရေကြောင်းမှောင်ခိုလမ်းကြောင်းတွေ ပါဝင်ပြီး မလေးရှားမှာရှိတဲ့ Sabah ဟာ အဓိက သယ်ယူပို့ဆောင်ရေးအချက်အချာတစ်ခုအဖြစ် လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အစီရင်ခံစာသည် အရှေ့နှင့် အရှေ့တောင်အာရှတွင် လုပ်ဆောင်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ရေး အဖွဲ့များ၏ အသွင်ကူးပြောင်းနေသော သဘောသဘာဝကို မီးမောင်းထိုးပြထားသည်။ ကီတာမင်းနှင့် ဆက်စပ် ဓာတုပစ္စည်းများ ထုတ်လုပ်သည့် နေရာများသည် ယခုအခါ မဲခေါင်အောက်ပိုင်း နိုင်ငံအများစုသို့ ရောက်ရှိနေပြီဟု ၎င်းက ဆက်ပြောသည်။ အထူးသဖြင့် ketamine နှင့် ထုံဆေးအလားတူ etomidate နှင့် ၎င်း၏ analogues များ တိုးမြင့်လာကာ အသစ်အဆန်း အရာဝတ္ထုများအပေါ် ထိန်းချုပ်မှုကို ရှောင်လွှဲရန်အတွက် ဆေးဝါးပစ္စည်းများကို တရားမဝင်ထုတ်လုပ်ခြင်းအား ဒီဇိုင်းထုတ်ထားသည်။ နည်းပညာသည် ရာဇ၀တ်ကောင်များကို ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အဆင်ပြေချောမွေ့စေရန်လည်း ကူညီပေးပါသည်။
“ဒေသတွင်း ဓာတုဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာမှုနှင့်အတူ နိုင်ငံအများစုသည် စိတ်ကြွဆေးနှင့် ketamine သုံးစွဲမှု အလုံးစုံတိုးလာကြောင်း အစီရင်ခံတင်ပြကြသည်” ဟု Hofmann က ဆိုသည်။ “သို့သော်လည်း အချို့သောနိုင်ငံများတွင် လူငယ်များကို ပစ်မှတ်ထားသည့် မူးယစ်ဆေးဝါးသုံးစွဲမှု တားဆီးရေး လှုပ်ရှားမှုများကြောင့် ဖြစ်နိုင်သည့် ဆေးဝါးကုသရေးဌာနများသို့ ဝင်ခွင့်ရသည့် လူငယ်များ အရေအတွက် ကျဆင်းလာသည်ကို တွေ့ရပါသည်။ ယင်းသည် ဒေသတွင်း ကာကွယ်ရေးနှင့် ထောက်ပံ့မှု လျှော့ချရေး မဟာဗျူဟာ နှစ်ခုစလုံးတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် အဓိကကျလိမ့်မည်” ဟု ၎င်းက ဆိုသည်။