မြန်မာစစ်လေယာဥ်အားတွေ့ရှိသဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ F-16 တိုက်လေယာဥ်၂စီး စေလွှတ်

မေလ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာစစ်အစိုးရပိုင် Yak-130 ဂျက်လေယာဉ်ကို ထိုင်းနယ်စပ်တွင်မေလ ၂၈ရက် မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်က တွေ့ရှိပြီးနောက် ကန်ချနပူရီခရိုင် မှ ထိုင်း-မြန်မာနယ်စပ်ရှိဖုတ်ဖရမြို့သို့ F-16 တိုက်လေယဥ်နှစ်စင်းကို ထိုင်းလေတပ်က စေလွှတ်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ တာ့ခ်ခရိုင် ဖုတ်ဖရာ့မြို့ရှိ ထိုင်းမိဘများသည် မေ ၂၈ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ကရင်တပ်များအကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုကြောင့် ၎င်းတို့၏ သားသမီးများကို နယ်စပ်အနီး ကျောင်းများသို့စေလွှတ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြသည်။


KNLAနှင့် PDF မှ တပ်သားများက အမှတ် ၁၃ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံမြန်မာစစ်တပ်မှ ခြေလျင်တပ်သား ၇၀ ခန့်က သေဘောဘိုးအခြေစိုက်စခန်းကို အားဖြည့်ရန် ချီတက်နေသည့်လမ်းကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ယင်းကြောင့် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ၁ နာရီကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ မကြာသေးမီက ရွာသား ၂၉၀ သည် ထိုင်းနိုင်ငံအတွင်းသို့ ဒုက္ခသည်များအဖြစ် တိမ်းရှောင်ခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *