မေလ ၃၀၊ ၂၀၂၅ ။ သောင်ရင်းသတင်းလွှာ
တော်ဝင်အသရေဖျက်မှု စွဲချက်ဖြင့် ဧပြီလအစောပိုင်းတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်ပညာရှင်တစ်ဦးကိုတရားစွဲဆိုမည်မဟုတ်ဟုအတည်ပြုကြောင်း ထိုင်းရှေ့နေချုပ်ရုံးက အတည်ပြုခဲ့ကြောင်း ၎င်း၏ရှေ့နေက မေလ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။အဆိုပါ ပြစ်မှုကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ မြောက်ပိုင်းခရိုင် Naresuan တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသော Paul Chambers သည် စီရင်ချက်ချပြီးနောက် ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း ၎င်း၏ ရှေ့နေ Akarachai Chaimaneekarakate က ဆိုပြီး ၎င်း၏ ခရီးစဉ်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ကြောင်းလည်းသူကပြောကြားခဲ့သည်။ သက်သေမရှိခြင်းကြောင့် အိုကလာဟိုးမားပြည်နယ်မှ အသက် ၅၈ နှစ်အရွယ် Chambers အား တရားစွဲဆိုရန် မရည်ရွယ်ကြောင်း ရှေ့နေချုပ်ရုံးက မေလ ၁ ရက်တွင် ကြေညာခဲ့ပြီးဖြစ်သည်။သို့သော့ဤအမှုကို မူလကိုင်တွယ်ခဲ့သည့် ထိုင်းမြောက်ပိုင်းက ရဲများက ဤဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ ခွင့်ပြုခဲ့သည်။
Chambers ၏ ခုခံကာကွယ်မှုကို ကူညီပေးသည့် ထိုင်းရှေ့နေများအဖွဲ့မှ ရဲတပ်ဖွဲ့က အဆိုပါဆုံးဖြတ်ချက်ကို ငြင်းဆိုခဲ့ကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။ ထို့နောက် စွဲချက်တင်ရန် ၎င်း၏ကိုယ်ပိုင်ရုံး၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့သည့် ရှေ့နေချုပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ Chambers ၏ ထိုင်းဗီဇာကို ရုတ်သိမ်းခြင်းအတွက် အယူခံဝင်ခဲ့ပြီး Naresuan University မှ အလုပ်ဖြုတ်ခံရခြင်းအတွက် အယူခံဝင်မှုမှာ ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း Akarachai မှ ပြောကြားခဲ့သည်။ Chambersကိုဖမ်းဆီးမှုသည် ကမ္ဘာတဝှမ်းရှိ အထူးသဖြင့်အာရှပညာရှင်များလွတ်လပ်စွာ ပြောဆိုခွင့် ကန့်သတ်ချက်များအပေါ် အမေရိကန် အစိုးရထံမှ စိုးရိမ်ပူပန်မှု ဖြစ်စေသည်။ ထိုင်းဘုရင်၊ မိဖုရား၊ နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံကို အသရေဖျက်မှု၊ ကဲ့ရဲ့မှုသို့မဟုတ် ခြိမ်းခြောက်သူ မည်သူမဆိုကို ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ရန် ထိုင်း၏ တော်ဝင်အသိုင်းအဝိုင်းကိုပြစ်တင်စော်ကားခြင်းဆိုင်ရာ ဥပဒေကပြဌာန်းထားသည်။ ဝေဖန်သူများက ၎င်းသည် နေရာတိုင်းတွင် အပြင်းထန်ဆုံးသော ဥပဒေများထဲတွင် ပါဝင်ပြီး အစိုးရနှင့် စစ်တပ်ကို ဝေဖန်သူများကို အပြစ်ပေးရန်အတွက်လည်း အသုံးပြုခဲ့သည်ဟု ဆိုသည်။
ဘုရင်စနစ်သည် ထိုင်းလူ့အဖွဲ့အစည်း၏ မဏ္ဍိုင်တစ်ခုအဖြစ် ကာလကြာရှည်စွာ ယူဆခဲ့ပြီး ၎င်းအားဝေဖန်ခြင်းကို တင်းကြပ်စွာတားမြစ်ထားသည်။ ရှေးရိုးစွဲထိုင်းလူမျိုးများ အထူးသဖြင့် စစ်ဘက်နှင့် တရားရုံးများတွင် ၎င်းကို မထိအပ်မကိုင်အပ်သောအရာဟု ယူဆဆဲဖြစ်သည်။ Chambers သည် နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် ထိုင်းစစ်တပ်၏ အာဏာနှင့် သြဇာကို လေ့လာရာတွင် အထူးပြုထားသည်။ ထိုင်းနိုင်ငံသည် ၁၉၃၂ခုနှစ်တွင် စည်းမျဉ်းခံဘုရင်စနစ်ဖြစ်လာပြီး ကတည်းကစစ်တပ်ကအာဏာသိမ်းယူမှု ၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအကြိမ်မှာလွန်ခဲ့သည့် ၁၁နှစ်ကဖြစ်သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးရုံးက တိုင်ကြားချက်အရChambers ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ စင်္ကာပူနိုင်ငံရှိ ISEAS-Yusof Ishak Institute မှ လုပ်ဆောင်သော ထိုင်းနိုင်ငံရေးဆိုင်ရာ webinar တစ်ခုနှင့်ပတ်သက်သည့် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် ISEAS-Yusof Ishak Institute မှ စာသားများကို ဘာသာပြန်သည့် Facebook ပို့စ်ကို အခြေခံ၍ တိုင်ကြားထားကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ပါလီမန်အတွင်း စုံစမ်းမေးမြန်းမှုတစ်ခု၌ပြောကြားခဲ့သည်။ Chambers အားတရားစွဲဆိုလွှာတွင် အထောက်အထားအဖြစ် ကိုးကားဖော်ပြထားသည့် ဝဘ်အစည်းအဝေးအတွက် အကျဉ်းချုံးဖော်ပြချက်သည် သူရေးသားထားခြင်းမဟုတ်ကြောင်း Chambers မှ ထောက်ခံသူများက ပြောသည်။