အကူအညီများ ခန်းခြောက်လာသဖြင့် ဒုက္ခသည်ကလေးများ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရ

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဒုက္ခသည်ကလေးငယ် ၂၈၀၀၀ ကျော်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တလျှောက်တွင် ကျောင်းပြန်တက်နေကြသော်လည်း စားနပ်ရိက္ခာများ ဖြတ်တောက်ခံရကာ ရန်ပုံငွေများ ခန်းခြောက်လာသောကြောင့် အများစုမှာ ကျောင်းစမတက် ခက်ခဲကြမ်းတမ်းသော သင်ခန်းစာနှင့် ရင်ဆိုင်နေကြရသည်ဟုThaiger သတင်းကမေလ ၂၉ရက်တွင်ဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ကိုးခုအနက် အကြီးဆုံးဖြစ်သည့် မယ်လတွင် စားနပ်ရိက္ခာ ထောက်ပံ့မှု ဖြတ်တောက်ခြင်းသည် ကလေးများကို စာကျက်ရန် မဆိုထားနှင့် မိသားစုများ အနေဖြင့် ယခင်ကထက် ပိုမိုခက်ခဲလာသည်ဟု မိသားစုများက ပြောသည်။ “ကျောင်းကိုရိက္ခါတွေယူသွားပြီးသူငယ်ချင်းတွေနဲ့စားဖူးတယ်” ဟု စခန်း၌မွေးပြီး ငါးနှစ်သားကတည်းက ဤနေရာတွင် ပညာသင်ခဲ့သည့်အသက် ၁၈ နှစ်အရွယ် သီတာ ကပြောသည်။ “အရင်က ကြက်တွေရှိတယ် အခု စားစရာမရှိတော့ပြီ” ဟု လည်းပြောသည်။ လူဦးရေ တစ်သိန်းကျော် နေထိုင်သည့် စခန်းများတွင် တောတောင်ကုန်းများပေါ်တွင် ကျဥ်းကျပ်စွာ ဆောက်ထားသော သစ်သားအိမ်များဖြင့် ဖွဲ့စည်းထားပြီး ကျဉ်းမြောင်းပြီးရွှံ့ထူသောလမ်းကြောင်းများသည် မြန်မာနယ်စပ်မှ မီတာအနည်းငယ်မျှအကွာတွင် ကွေ့ကောက်နေသည်။

နေထိုင်သူအများစုသည် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်မရှိသည့်အပြင် အကူအညီများကို လုံးလုံးလျားလျားနီးပါး မှီခိုနေကြရသည်။ ယခုအခါတွင်၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) ၏ ညွန့်ပေါင်းအဖွဲ့ Border Consortium သည် အလှူရှင်များ၏ ရန်ပုံငွေများလျော့နည်းမှု၊ ငွေကြေးဖောင်းပွမှုနှင့် တောင်းဆိုမှုများမြင့်တက်လာခြင်းတို့ကြောင့် လစဉ် ဒစ်ဂျစ်တယ် အစားအစာ ဖြည့်သွင်းမှုများကို လျှော့ချလိုက်ခြင်းကြောင့် စခန်းနေထိုင်သူ ၈၀ % ကျော်သည် ထမင်းစားချိန်များတွင်ရိက္ခါကိုယခင်ကထက် လျော့နည်းစွာရရှိတော့မည်ဖြစ်ပြီး မယ်လမှ အသက် ၃၃ နှစ်အရွယ် မိခင်ဖြစ်သူ စုက သူ့မိသားစုသည်ယခုကတည်းကရုန်းကန်နေရပြီဟုဆိုပါသည်။”စားနပ်ရိက္ခာ ဖြတ်တောက်ထားတာကြောင့် အလုပ်ပိုရှာရမှာပေါ့။ အစ်မက သူ့မိသားစုကို ထောက်ပံ့ဖို့ ဟင်းသီးဟင်းရွက်ရောင်းတယ်။ကျမစိတ်ပူတယ်”ဟုသူကပြောသည်။ အခက်အခဲများကြားမှ စု ၏ ရှစ်နှစ်သမီးလေး ချယ်ရီကဲ့သို့သော ကလေးများသည် စာသင်နှစ်သစ်အတွက် ပြင်ဆင်ရန် ကြိုးစားနေကြပြီး စခန်း၏ ခနော်နီခနော်နဲ့လမ်းကြားတွင် ကျောင်းသုံးပစ္စည်းများ စုဆောင်းရန် မုတ်သုံရာသီတွင်တွေ့ရသောဗွက်အိုင်များကို ရှောင်ကွင်းသွားလာကြရသည်။

စခန်းများရှိ ဆရာ ၈၀၀ ခန့်အတွက် လေ့ကျင့်ရေး၊ ပစ္စည်းများနှင့် လုပ်အားခများ ပံ့ပိုးပေးသည့် Save the Children က အရေးပေါ်ရန်ပုံငွေ မရောက်လာပါက ပညာရေးမှာ အန္တရာယ်ရှိသည်ဟု ဆိုသည်။Save the Children Thailand ၏ အမှုဆောင်ဒါရိုက်တာ Guillaume Rachou က ပြဿနာများကို မီးမောင်းထိုးပြခဲ့သည်။
“ပညာရေးဆိုတာ ချစ်မြတ်နိုးစရာကောင်းတဲ့ အရာမဟုတ်ဘူး၊ဒါဟာမရှိမဖြစ်နဲ့ အခြေခံအခွင့်အရေးတစ်ခုပါ… ကလေးတွေနဲ့ သူတို့ရဲ့မိဘတွေက ဘာအရေးကြီးလဲလို့ မေးတဲ့အခါ အစားအစာဖြတ်တောက်မှုလို့ ပြောကြပေမယ့် ကျောင်းတွေပိတ်မှာကိုလည်း အလွန်စိုးရိမ်ကြတယ်ဒီနှစ်​​ခကအပြန်အလှန်ချိတ်ဆက်​နေပါတယ်​”ဟုသူကပြောသည်။ Save the Children သည် နိုင်ငံတကာ အလှူရှင်များအား ထိုင်းနိုင်ငံ၏ ဒုက္ခသည်စခန်းများမှ ကလေးများအား စွန့်ပစ်ခြင်းမပြုရန် တိုက်တွန်းထားပြီး လတ်ဆတ်သော ထောက်ပံ့မှုမရှိဘဲ၊ ပညာရေးနှင့် အာဟာရကဲ့သို့သော အခြေခံအကျဆုံးဝန်ဆောင်မှုများပင် ပြိုလဲသွားနိုင်ကြောင်း သတိပေးထားသည်။ အချို့သော မိသားစုများသည် ပြန်လည်နေရာချထားရေး သို့မဟုတ် ဒေသခံပေါင်းစည်းရန် မျှော်လင့်ချက်အနည်းငယ်ဖြင့် ၁၉၈၀ ခုနှစ်များကတည်းက ဤစခန်းများတွင် ရှိနေခဲ့ကြသည်။ ဤနေရာတွင်မွေးဖွားကြီးပြင်းလာသောကလေးများအတွက်၊ စာသင်ခန်းသည် ၎င်းတို့အတွက်စားနပ်ရိက္ခာနှင့်အတူပိုမိုကောင်းမွန်သောအနာဂတ်အတွက် တစ်ခုတည်းသောအရာဖြစ်နိုင်သည်။

(အထောက်အထားရင်းမြစ်များကို ကာကွယ်ရန်အတွက် အမည်များကို ပြောင်းလဲထားပါသည်။)

By admin

Leave a Reply

Your email address will not be published. Required fields are marked *