မြန်မာဘက်မှရွှေတူးဖော်မှုကြောင့် ထိုင်းဘက်သို့စီးဆင်းသည့်မြစ်များတွင် ညစ်ညမ်းမှု မြင့်မားနေဟုဆို

မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံအထက်ပိုင်းဘက်မှ ရွှေတူးဖော်မှုကြောင့် Kok နှင့် Sai မြစ်များတွင် ရေညစ်ညမ်းမှု မှာအန္တရာယ်မရှိဟု ထိုင်းအစိုးရက အခိုင်အမာဆိုထားသော်လည်း လွတ်လပ်သော စမ်းသပ်စစ်ဆေးမှုများသည် အန္တရာယ်မကင်းသည့် အာဆင်းနစ်အဆင့်ကို ဆက်လက်ပြသနေသည်ဟု Thaiger သတင်းကမေလ ၃၀ရက်တွင်ဖော်ပြသည်။ Mae Fah Luang University မှ ကထိက Surapol Vorapatratorn နှင့် Suebsakun Kidnukorn တို့ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက ချင်းရိုင်ခရိုင် မယ်ဆိုင်ခရိုင်ရှိ စိုင်းမြစ်အား စမ်းသပ်စစ်ဆေးခဲ့သည်။ စမ်းသပ်မှုတွင် အာဆင်းနစ်သည် 0.12 mg/L ရှိပြီး ဘေးကင်းမှုစံနှုန်း 0.01 mg/L ထက် ကျော်လွန်နေပါသည်။ အနီးတစ်ဝိုက်တွင် နေထိုင်သူများ အသုံးပြုသည့် ရေတိမ်ရေတွင်းသည်လည်း ကန့်သတ်ချက်ထက် ကျော်လွန်နေသည်ဟုဆိုသည်။ ပြီးခဲ့သည့်လက ချင်းမိုင်မြို့ရှိ သဘာဝပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးရုံး ၁ မှ ထိုင်း-မြန်မာနယ်စပ် မယ်အိုက်ခရိုင် Kokမြစ်အနီးတွင် အာဆင်းနစ်ပါဝင်မှု ၀.၀၂၆ မီလီဂရမ်/လီတာရှိကြောင်း သိရသည်။


မေလ ၂၅ ရက်မှ ၂၆ ရက်အထိ ချင်းရိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးမှ ရေနမူနာ ၁၁ ခုကို စမ်းသပ်စုဆောင်းခဲ့သည်။ ကနဦးကွင်းဆင်းစစ်ဆေးမှုများတွင် အာဆင်းနစ်မတွေ့ရှိသော်လည်း ဓာတ်ခွဲခန်းရလဒ်များကို စောင့်ဆိုင်းနေဆဲဖြစ်သည်။ အာဏာပိုင်များက တွေ့ရှိချက်များအား တစ်ကြိမ်ထုတ်ပြန်ပေးမည်ဟု ကတိပြုထားသည်။ အင်ဂျင်နီယာ ကထိက ဒေါက်တာ Surapolက ဒေသခံ တွေ အသုံးများသော ရေတိမ် ၅ မှ ၁၀ မီတာ အနက် ရှိသည့် ရေတွင်းမှာ အန္တရာယ်ရှိ ပြီး ရှောင်ရှား သင့်ကြောင်း သတိပေး ခဲ့သည်။ လူထုသတိပေးချက်ထုတ်ပြန်ရန်နှင့် ရပ်ရွာရေအရင်းအမြစ်များကို စမ်းသပ်တိုးချဲ့ရန် အစိုးရအား တိုက်တွန်းခဲ့သည်။ ဒေသအခြေပြုလူမှုရေးဆန်းသစ်တီထွင်မှု သုတေသနစင်တာမှ မန်နေဂျာနှင့် သုတေသနတွဲဖက်မှ ဒေါက်တာ SuebsakunကKok ကို တရားဝင်အာရုံစိုက်ထားသော်လည်း Sai အပါအဝင် အနည်းဆုံး မြစ်လေးမြစ် ထိခိုက်သွားသည်ဟု ဆိုသည်။ အထူးသဖြင့် အဆိပ်သင့်သော သတ္တုများသယ်ဆောင်လာနိုင်သည့် Saiမြစ်ရေလျှံနေသည့် လတ်တလောရေကြီးမှုများနှင့် ကြုံတွေ့နေရသူများအတွက် အရေးပေါ်စစ်ဆေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် ၎င်းက တောင်းဆိုခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *