မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
.
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝတပ်ဖွဲ့ကို မူးယစ်ဆေးဝါး အဓိကအရင်းအမြစ်အဖြစ် စွပ်စွဲခံပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် တရုတ်နှင့် မြန်မာနိုင်ငံတို့ကိုတောင်းဆိုထားသည်ဟု The Nation သတင်းကမေလ ၃၀ရက်တွင်ဖော်ပြသည်။
.Nation Group မီဒီယာနှင့် သီးသန့်အင်တာဗျူးတွင် ထိုင်းနှင့် တရုတ်ကြား နီးကပ်သော ဆက်ဆံရေးကြောင့် ရလဒ်သည် အလားအလာကောင်းသည်ဟု သက်ဆင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ကို မဖျက်သိမ်းနိုင်ပါက ထိုင်းနိုင်ငံက ဤကိစ္စအားမိမိဘာသာဆောင်ရွက်မည်ဟုဝန်ကြီးချုပ်ဟောင်း၏ အစောပိုင်း ကြေညာချက်တွင်ပါရှိသည်။