မေလ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက မြန်မာနိုင်ငံတွင်မူးယစ်ဆေးဝါးများထုတ်လုပ်နေသည့်အတွက် ထိုင်းနိုင်ငံ၏ ရန်သူဟုသတ်မှတ်ခံထားရသော‘ဝ’ လက်နက်ကိုင်အဖွဲ့ကို မကြောက်ဘူးဟုမေလ ၃၀ရက်နေ့က ပြောသည်ဟု Khaodod သတင်းကဖော်ပြသည်။
သက်ဆင်က လက်နက်ကိုင်အဖွဲ့ဟာ သူ့ခေါင်းကို လွတ်လွတ်လပ်လပ်ဆုကြေးထုတ်နိုင်သည်ဟုလည်းထပ်လောင်း ပြောကြားခဲ့သည်။ သူ့သမီး၏အစိုးရအပေါ် သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည့် သက်ဆင်က ထိုင်းအစိုးရသည် မြန်မာနှင့် တရုတ်အစိုးရများထံမှ ပူးပေါင်းဆောင်ရွက်မှုကို ဦးစွာရှာဖွေမည်ဖြစ်သော်လည်း ရလဒ်မရှိပါက ထိုင်းအစိုးရအနေဖြင့် ယင်းကိစ္စကို မိမိတိုကိုယ်တိုင်ဆုံးဖြတ်ဆောင်ရွက်ရမည်ဟုလည်းဆိုသည်။