ထိုင်း-မြန်မာနယ်စပ်တလျှောက် ငလျင်လှုပ်ခတ်မှု တိုးလာကြောင်းထိုင်းငလျင်စောင့်ကြည့်ရေးဌာနက ကနဦးသတိပေးချက် ထုတ်ပြန်ထား

ဇွန်လ ၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် မြန်မာနိုင်ငံအနီးတဝိုက်ဒေသများတွင် မကြာသေးမီက အသေးစားငလျင်များ လှုပ်ခတ်မှု အကြိမ်ရေ မြင့်တက်လာမှုကို ဌာနကထောက်ပြထားသည်။ ပြင်းအား နည်းပါးပြီး အပျက်အစီးမရှိသော်လည်း၊ တာဝန်ရှိသူများက အဆိုပါပုံစံအား အနီးကပ်စောင့်ကြည့်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်နေရန် အလေးပေးထားသည်ဟု The Nation သတင်းကဇွန်လ ၆ရက်ကဖော်ကြသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဝိုင်ယာမြို့နယ်တွင်ပြင်းအား ၁ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်သည်မြောက်လတ္တီတွတ် ၁၉.၄၂၄​ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၉.၄၈၄ ဒီဂရီဏှိအနက် ၁ ကီလိုမီတာတွင်ဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။ အပျက်အဆီးမရှိသော်လည်း ငလျင်သည် လူနေရပ်ကွက်များအနီးတွင် ဖြစ်ပွားခဲ့ပြီး စောင့်ကြည့်ရန်အတွက် မှတ်သားဖွယ်ဖြစ်ရပ်တစ်ခုဟု ယူဆသည်။ တစ်ချိန်တည်းမှာ အိမ်နီးချင်းမြန်မာနိုင်ငံတွင်ဇွန်လ ၆ရက်နေ့နံနက်အစောပိုင်းတွင် ငလျင်သုံးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့သည်။ ထိုင်းနယ်စပ်နှင့် နီးကပ်နေခြင်းကြောင့် ထိုင်းဘူမိဗေဒပညာရှင်များ၏ အာရုံစိုက်မှုရရှိခဲ့ပါသည်။ ပထမငလျင်- နံနက် ၂ နာရီ ၂၁ မိနစ်တွင် ရစ်ခ်ျတာစကေး ၁.၇ အဆင့်ရှိ ငလျင်တစ်ခု မယ်ဟောင်ဆောင် အနောက်တောင်ဘက်၉၃ ကီလိုမီတာအကွာရှိ မြန်မာနိုင်ငံတွင် မြေက်လတ္တီတွတ်၁၉.၁၇၂ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၉၇.၀၉၄​ဒီဂဏီတွင် လှုပ်ခတ်ခဲ့သည်။


ဒုတိယငလျင်သည် နံနက် ၆ နာရီ ၀၄ မိနစ်တွင် ရစ်ခ်ျတာစကေး ၂.၀ အဆင့်ရှိ ငလျင် ဖြစ်ပြီးမြေက်လတ္တီတွတ် ၁၉.၁၇၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၆.၅၄၀ ​ဒီဂရီ မယ်ဟောင်ဆောင်မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာတွင် လှုပ်ခတ်ခဲ့သည်။ တတိယငလျင်သည် နံနက် ၇ နာရီ ၄၀ မိနစ်တွင် ပြင်းအား ၂.၂အဆင့်ရှိ ပြီး မြောက်လတ္တီတွတ် ၂၀.၉၂၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၈.၀၆၉ဒီဂရဂရီ၌ မယ်ဟောင်ဆောင်ခရိုင်ပန်မာဖာမြို့နယ်မှအနောက်မြောက်ဘက် ၁၅၇ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့သည်။ ငလျင်များသည် ပြင်းအားအနည်းငယ်သာရှိသော်လည်း ထိုင်းနှင့်မြန်မာနယ်စပ်နှစ်ဘက်စလုံးတွင် ဆက်လက်ဖြစ်ပေါ်နေသော ငလျင်ဖြစ်ကြောင်း အချက်ပြနေသည်။ ယင်းသည် သတိရှိရန် လိုအပ်ကြောင်း သတိပေးချက်တစ်ခုဖြစ်သည်။ အန္တရာယ်ရှိသော ဒေသများတွင် နေထိုင်သူများအား ထိုင်းမိုးလေဝသဌာန၏ နောက်ဆုံးရသတင်းများကို အနီးကပ် လိုက်နာရန်နှင့် အသက်နှင့် ဥစ္စာပစ္စည်းများ ဘေးကင်းစေရန်အတွက် ငလျင်ကြိုတင်ပြင်ဆင်မှု အစီအမံများနှင့် ရင်းနှီးကျွမ်းဝင်စေရန်အကြံပြုအပ်သည်ဟုသတင်းကဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *