ဇွန်လ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံတွင် မေလ ၈ရက်နေ့ နံနက်ပိုင်းက ငလျင်ငယ်တစ်ခုနှင့် အသေးစားငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန၏ မြေငလျင်စောင့်ကြည့်ရေးဌာနမှ သိရသည်ဟု The bation ကဖော်ပြသည်။
နံနက် ၂ နာရီ ၅၇ မိနစ်တွင် ပြင်းအား ၃ ဒသမ ၂ အဆင့်ရှိ ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဌာနခွဲမှ သတင်းထုတ်ပြန်ခဲ့သည်။
ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၂၁.၂၀၅° နှင့်အရှေလောင်ဂျီကျု ၉၉.၃၅၀° အနက် ၂ကီလိုမီတာတွင် တည်ရှိသည်။
တည်နေရာသည် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့၏ အနောက်မြောက်ဘက် ၉၃ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။
နံနက် ၅ နာရီ ၂၅ မိနစ်နှင့် ၆ နာရီ ၄၈ မိနစ်တို့တွင် ပြင်းအား ၂.၂ နှင့် ၂.၉ အသီးသီးရှိ အသေးစားငလျင်နှစ်ခု လှုပ်ခတ်ခဲ့သည်။
ပြင်းအား ၂ ဒသမ ၂ အဆင့်ရှိ ငလျင်သည် အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ မြောက်လတ္တီတွဒ် 19.690° နှင့် အရှေ့လောင်ဂျီကျု ၉၆.၂၇၂° — မယ်ဟောင်ဆောင်ခရိုင်၏ အနောက်မြောက်ဘက် ၁၈၃ ကီလိုမီတာခန့်တွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြင်းအား ၂.၉ အဆင့်ရှိ ငလျင်သည် မယ်ဆိုင်မြို့၏ အနောက်မြောက်ဘက် ၉၃ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ မြောက်လတ္တီတွဒ် ၂၁.၁၈၁°နှင့် အရှေ့လောင်ဂျီကျု ၉၉.၄၆၄° တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။