မော်လ်တာခရစ်ယန်သာသနာဂိုဏ်းချုပ်က မြန်မာနိုင်ငံကို ၃ နှစ်အတွင်း ယူရို ၇၀၀,၀၀၀ ကျော် ထောက်ပံ့ကူညီခဲ့

ဇွန်လ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မော်လ်တာဂိုဏ်းချုပ်က ရှစ်ပတ်တာကာလအတွင်း မောလ်တီနှင့် ဂိုဇီတန်လူမျိုးများသည် မတ်လအတွင်းက မြန်မာနိုင်ငံတွင် ပြင်းထန်စွာလှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဒုက္ခရောက်ခဲ့ရသော မြန်မာပြည်သူများအတွက် ယူရို ၃၁,၄၈၅ စုဆောင်းခဲ့ကြောင်း ကြေညာခဲ့သည်ဟု Malta Indipendent News ကဇွန်လ ၈ရက်ကဖော်ပြသည်။ လွန်ခဲ့သည့်သုံးနှစ်အတွင်း၊ ၂၀၂၂ခုနှစ်မှစတင်၍ အမျိုးမျိုးသော အရေးပေါ်အခြေအနေများတွင် လူများအတွက် ဘုရားကျောင်းမှ ယူရို ၇၀၈,၀၀၀ကျော်ကို စုဆောင်းထားကြောင်းလည်း ကြေငြာခဲ့သည်။ အဆိုပါ ယူရိုငွေ ၃၁,၄၈၅ ကို မြန်မာနိုင်ငံပြည်သူများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုအတွက် Caritas Internationalis သို့ လှူဒါန်းခဲ့ပါသည်။


၎င်းတွင် အရေးပေါ်အမိုးအကာ၊အစားအသောက်၊ ဆေးဝါးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အထောက်အပံ့များ ကဲ့သို့သော အခြေခံလိုအပ်ချက်များ ပါဝင်သည်။မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး လူ ၆၀၀၀ ဒဏ်ရာရကာ ၅၀၀၀ ကျော် သေဆုံးခဲ့သည်။ နေအိမ် ၁၂၀,၀၀၀ ခန့် ထိခိုက်ခဲ့ပြီး ၄၈,၀၀၀ ခန့် ပျက်စီးခဲ့သည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ တံတားများနှင့် အရေးကြီးသောနေရာများသည် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအနှံ့ အထူးသဖြင့် စစ်ကိုင်းမြို့၏ ဗဟိုချက်မတွင် ဆိုးရွားစွာ ပျက်စီးခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *