ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အတွက် ကမ္ဘာ့စံချိန်တင် မက်ဆေ့ခ်ျ ၈၀၀၀၀ ပေးပို့ကြရန် သားဖြစ်သူက ရည်မှန်း

ဇွန်လ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတဝှမ်းမှ ကမ္ဘာ့စံချိန်တင် စာတို ၈၀,၀၀၀ ကို သားဖြစ်သူက စတင် ကမ်းလှမ်းလိုက်သည်ဟု The Independent သတင်းကဇွန်လ ၈ရက်တွင်ဖော်ပြသည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုအတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၂၇ နှစ် ကျခံရမည်ဖြစ်သည်။ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် အသံ သို့မဟုတ် ဗီဒီယို မက်ဆေ့ချ်များ တင်ခိုင်းခြင်းအပြင် Kim Aris သည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကောက်ခံရာတွင် အထောက်အကူဖြစ်စေမည့် e-birthday card ကို ပြည်သူများအား လက်မှတ်ရေးထိုးရန်လည်း တောင်းဆိုထားသည်။ Mr Aris က သူ့အမေထံသို့က လူကိုယ်တိုင် မပေးအပ်ရမချင်း မက်ဆေ့ချ်များကို disk ထဲမှာ သိမ်းထားမည်ဟုဆိုသည်။

ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် Mr Aris က “ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ပြည့်မွေးနေ့ဆုတောင်းလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ လူတစ်ဦးချင်းစီအတွက် ရိုးရှင်းပြီး လုံခြုံသောနည်းလမ်းဖြင့် [ဒေါ်အောင်ဆန်းစုကြည်၏] ၈၀ပြည့်မွေးနေ့ကို ဂုဏ်ပြုသော မွေးနေ့ဆုတောင်းကို အပ်လုဒ်တင်နိုင်သည်” ဟု ပြောကြားခဲ့သည်။ လူတိုင်းမွေးနေ့ဆုတောင်းကို အခမဲ့တင်နိုင်ပါသည်ဟုလည်းသတင်းကဆိုသည်။ “[ဒေါ်အောင်ဆန်းစုကြည်] ဟာ သူ့ပြည်သူတွေအပေါ် မယိမ်းယိုင်တဲ့ မေတ္တာတရားနဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် အနည်းနှင့်အများ မျှော်မှန်းချက်ကြောင့် ဘဝရဲ့လေးပုံတစ်ပုံကို အကျဉ်းချခြင်း သို့မဟုတ် နေအိမ်အကျယ်ချုပ် ကျခံရင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဘဝကို မြှုပ်နှံထားပါတယ်… အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ မွေးနေ့သဝဏ်လွှာတင်ဖို့ တိုက်တွန်းလိုက်ပါတယ်”Mr Aris ကဆက်ပြောသည်။


“လေးနက်တဲ့ အဓိပ္ပါယ်ရှိပုံပေါ်တဲ့ သေးငယ်တဲ့ အမူအရာတစ်ခုပါ။ ကျနော်တို့စုပေါင်းစည်းလုံးညီညွတ်မှုရဲ့ အဓွန့်ရှည်တည်မြဲတဲ့ ဖော်ပြမှုတစ်ခုအနေနဲ့ဖြစ်ပါတယ်ဟုသူကဆက်ပြောသည်။ ကမ်ပိန်းကို ဇွန်လ ၄ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ဒ်တွင် ပညာသင်ကြားပြီး ဗြိတိန်ပညာရှင် Michkel Arisနှင့် လက်ထပ်ပြီးနောက် ၎င်း၏ သားနှစ်ဦးဖြစ်သည့် Alexender နှင့် ၎င်း၏ညီ Kimတို့ကို ဗြိတိန်တွင် ပြုစုပျိုးထောင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွင်မပါဝင်မီကဖျားနာနေသော မိခင်အား ပြုစုစောင့်ရှောက်ရန်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သူမသည် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ် ၂၁နှစ်တာကာလအတွင်းအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်နီးပါး နေထိုင်ခဲ့ရပြီး သူမ၏ ဒီမိုကရေစီတိုက်ပွဲသည် ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားလာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ၏ အကြီးအကဲအဖြစ် တရားဝင်ခွင့်ပြုခဲ့သော်လည်း ပြည်ထဲရေးနှင့် ကာကွယ်ရေးအပါအဝင် အဓိက ဝန်ကြီးဌာနများကို ချုပ်ကိုင်ထားပြီးတပ်မတော်ဘတ်ဂျက်ကို လည်းချုပ်ကိုင်ထားခဲ့သည်။

၂၀၁၉ ခုနှစ်တွင် သူမသည် ရိုဟင်ဂျာများအပေါ် လှစ်လျူရှုခဲ့သည်ဟုလူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သော သူမ၏နိုင်ငံစစ်တပ်၏ အင်အားအသုံးပြုမှုကို ခုခံကာကွယ်ရန်အတွက် Hague ရှိ နိုင်ငံတကာ တရားမျှတမှု တရားရုံးတွင် ရောက်ရှိလာခဲ့သည်။

၂၀၂၁တွင် စစ်တပ်ကတိုင်းပြည်ကို ပဋိပက္ခဖြစ်စေခဲ့သည့်အာဏာသိမ်းပြီး သူမအား ထောင်ချခဲ့သည်။

ယခုလအစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၂,၀၀၀ တို့၏ အတိဒုက္ခကို မီးမောင်းထိုးပြသည့် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီး၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားများအပေါ် မြေပြင်တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ခေါင်းဖြတ်သတ်မှု၊ ကွပ်မျက်မှု၊ မုဒိမ်းမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို အသေးစိတ်ဖော်ပြထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *