မြေငလျင်သတင်း
ဇွန်လ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၉) နာရီ၊ (၄၄)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၉၀) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်မြို့၏ အနောက်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၈.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅) ဒီဂရီ၊ အနက် (၇၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်ဟုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်သည်။