မြစ်ချောင်းများ ညစ်ညမ်းမှုအပေါ် မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှုရရှိရန် ကြိုးစားနေဟု ထိုင်းကဆို

ဇွန်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

Kok နှင့် Saiမြစ်များတွင် ခဲ၊ အာဆင်းနစ် ညစ်ညမ်းမှုနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော မြန်မာ၏ တုံ့ပြန်မှုကို ထိုင်းနိုင်ငံက စောင့်ဆိုင်းနေကြောင်း ဒုတိယ ပြည်ထဲရေးဝန်ကြီး Theerarat Samrejvanich က ပြောသည်ဟု ဘန်ကောက်ပို့စ်သတင်းက ဇွန်လ ၁၁ရက်နေ့တွင်ဖော်ပြသည်။ မြစ်ချောင်းများအတွင်း ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရမှ ဖွဲ့စည်းထားသော ရေမျက်နှာပြင် အရည်အသွေး မြှင့်တင်ရေး အထူးဆပ်ကော်မတီက အဆိုပါ ပြဿနာကို ဖြေရှင်းရန် မြန်မာနိုင်ငံသို့ စာတစ်စောင်ပေးပို့ခဲ့ကြောင်း မစ္စ Theerarat က ပြောသည်။ “တတိယနိုင်ငံတစ်ခုခုတွင်ဖြေရှင်းနိုင်ရန် “မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှုနှင့်အစည်းအဝေးကို အချိန်ဇယားဆွဲရန် စောင့်နေဆိုင်းသည်ဟုသတင်းကဆိုသည်။

မစ္စ Theerarat သည် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဆက်စပ်အေဂျင်စီများနှင့် ဒုတိယအကြိမ် ရုပ်သံအစည်းအဝေးခေါ်ဆိုမှု ပြုလုပ်ပြီးနောက် ဇွန်လ ၉ရက်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တပ်မတော် ၊နယ်စပ်ရေးရာ ဦးစီးဌာနတို့ ပါဝင်ခဲ့သည်။ဆပ်ကော်မတီသည် Kokချောင်းမြစ်အတွင်း ရေအောက် အနည်အနှစ်အတားအဆီးများအတွက်ဒီဇိုင်းရေးဆွဲခြင်းအား အပြီးသတ်ပြီး ဒီဇိုင်းရေးဆွဲရန်အတွက် ဘတ်ဂျက်တောင်းခံရန်အတွက် အမျိုးသား ရေအရင်းအမြစ်ရုံး (ONWR) သို့ တင်ပြမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။ ဒေသခံလူထုထံ ရေမရောက်ရှိမီ အာဆင်းနစ်ပါဝင်မှုကို လျှော့ချနိုင်စေရန် ညစ်ညမ်းမှုမြင့်မားသောနေရာများတွင် အတားအဆီးများထားရှိမည်ဖြစ်သည်။ မကြာသေးမီရက်သတ္တပတ်များအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဒေသခံလူထုများက မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း အထူးသဖြင့် တရုတ်ကုမ္ပဏီများမှ စည်းကမ်းကြပ်မတ်မှုမရှိသော ရွှေတူးဖော်မှုပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

Kok နှင့် Saiမြစ်များတွင်သာမက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရနောင်းခရိုင်ရှိ ခရာဘူရီမြစ်တွင်လည်း ညစ်ညမ်းမှုပြဿနာကို ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဆီးနိတ်လွှတ်တော်အမတ် ချီဝပ်ချီဝါသမ်က ပြောသည်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ပြဿနာများနှင့် ပတ်သက်၍ ထိုင်းအစိုးရအေဂျင်စီများ၏ တုံ့ပြန်မှု မလုံလောက်မှုအပေါ် ၎င်းက မှတ်ချက်ပေးခဲ့သည်။ မူလက ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ပါ၀င်သော မဲခေါင်မြစ်ကော်မရှင် စာချုပ်ကို ပြန်လည်ပြင်ဆင်ရန် ONWR က အဆိုပြုခဲ့သည်။ မဲခေါင်မြစ်အထက်ပိုင်းနိုင်ငံများဖြစ်သည့် မြန်မာနှင့် တရုတ်တို့သည် MRC ၏ မပါဝင်ပေ။ “အနည်အနှစ်အတားအဆီးတွေ ဆောက်တာကို သဘောမတူဘူး။ ရေနဲ့ ငါးတွေ စားသုံးဖို့ ဘေးကင်းမယ်လို့ အတည်ပြုဖို့ ပညာရှင်တွေ ထွက်လာတာ မရှိပါဘူး။ ထိုင်းနိုင်ငံက တိုက်ခိုက်ခံရပေမယ့် ဘယ်သူကို တိုင်ကြားနိုင်မလဲ”ဟု ဝပ်ချီဝါသမ်က ပြောသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *