ရိုဟင်ဂျာအရေးအတွက် AA နှင့် ထိတွေ့ဆက်ဆံရန်လိုအပ်ဟု အမေရိကန်က ကုလမှာအထွေထွေညီလာခံအလွတ်သဘောဆွေးနွေးပွဲတွင်တိုက်တွန်း

ဇွန်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးဆွေးနွေးမှုများတွင်ရခိုင်တပြည်နယ်လုံးနီးပါးအားထိန်းချုပ်ထားသော အာရက္ခတပ်တော် (AAအေ) နှင့်ပါ ထိတွေ့ဆက်ဆံရန်လိုအပ်သည်ဟုဇွန် ၁၀ ရက်ကပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘောဆွေးနွေးပွဲတွင် အမေရိကန်မှ ကုလသမဂ္ဂလူမှုစီးပွားဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Jonathan Shrierကတိုက်တွန်းခဲ့သည်ဟု United States Mission tothe United Nationsစာမျက်နှာက ဇွန်လ ၁၀ရက်နေ့တွင်ဖော်ပြသည်။ ယင်းအလွတ်သဘောဆွေးနွေးပွဲ၌မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Ms Julie Bipshopက မြန်မာလူဦးရေ ၈၀ ရာခိုင်နှုန်းအထိ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရသဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးရှိ မွတ်ဆလင် ရိုဟင်ဂျာ အများစုအခြေအနေမှာ ဆိုးရွားနေဆဲ ဖြစ်သည်ဟုဝင်ရောက်ဆွေးနွေးခဲ့သည်။


မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား အပြန်အလှန်ပစ်ခတ်မှုများကြောင့် ၎င်းတို့၏ဇာတိမြေဖြစ်သော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရပ်သားများအား အဓမ္မစုဆောင်းခြင်းနှင့် အခြားအလွဲသုံးစားမှုများ ခံနေရသည်ဟုလည်းသူကဆိုသည်။ အကူအညီများ လျော့နည်းလာသည်နှင့်အမျှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် နေထိုင်သည့် ရိုဟင်ဂျာများသည် စားနပ်ရိက္ခာနှင့် ပညာရေး ဖြတ်တောက်ခြင်းအပါအဝင် တကယ့်အကျိုးဆက်များနှင့် ရင်ဆိုင်နေရသည်ဟုသူကဆက်လက်ဆွေးနွေးသည်။

“မြန်မာနိုင်ငံအတွက် အလားအလာရှိသော အနာဂတ်တစ်ခုသည် ရိုဟင်ဂျာအပါအဝင် ၎င်း၏အသိုင်းအဝိုင်းအားလုံးအတွက် ဘေးကင်းမှု၊ တာဝန်ခံမှုနှင့် အခွင့်အလမ်းတို့ကို သေချာစေရမည်ဖြစ်ပြီး ပဋိပက္ခ၊ ခွဲခြားဆက်ဆံမှုနှင့် ကွဲလွဲမှုတို့၏ မူလဇစ်မြစ်ကို ပုံစံအမျိုးမျိုးဖြင့် ဖြေရှင်းပေးရမည်” ဟု Ms Julie Bipshop က ပြောကြားခဲ့သည်။ ထို့အပြင် အရပ်သားများကို အကာအကွယ်ပေးရေးနှင့်လူ့အသက်များအားတန်ဖိုးထားရန်အတွက် စစ်တပ်ရော AA အေအေအနေနှင့်ပါအ‌လေးပေးဆောင်ရွက်ရန်လည်း အမေရိကန်ကိုယ်စားလှယ်ကဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲတွင်တရုတ်ကိုယ်စားလှယ် Ms Sun Leiကတော့ ရိုဟင်ဂျာများနေရပ်ပြန်ရေးမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ က အဓိကဆွေးနွေးဖို့လိုတာဖြစ်ပြီး တရုတ်အနေနှင့်လည်း သံတမန်ရေးအရ နှစ်ဖက်စလုံးကို ကူညီဆောင် ရွက်ပေးနေသည်ဟုဝင်ရောက်ဆွေးနွေးခဲ့ပါသည်။

ယင်းအစည်းအဝေး၌ပင် ဥရောပသမဂ္ဂ EU ကိုယ်စားလှည်ဖြစ်သူ EUနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများမှ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ဥရောပသမဂ္ဂ အကြီးအကဲ သံအမတ်ကြီး H.E Stavros Lambrinidisကအထူးသဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အခြေအနေဆိုးများ ဆိုးရွားလာခဲ့ပြီး နောက်ဆက်တွဲ အကြမ်းဖက် ဖိနှိပ်မှုများ၊ ရလဒ်အနေဖြင့်၊ လူနည်းစုနှင့် လူမှုအသိုင်းအဝိုင်းအားလုံးအပေါ် သက်ရောက်မှုရှိသော အကြမ်းဖက်မှုများနှင့် ပဋိပက္ခများ တိုးမြင့်လာခြင်းဖြင့် နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွားစွာ ဆိုးရွားလာခဲ့သည်ဟုဆွေးနွေးခဲ့ကြောင်းသတင်ထုတ်ပြန်သည်။ လက်ရှိအခြေအနေတွင် ရိုဟင်ဂျာများ၏အခက်အခဲကို ဖြေရှင်း၍ မရဆိုသည်မှာရှင်းပါသည်။ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများ၏ ဆန္ဒအရ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးသည် မဖြစ်နိုင်သေးပါ။

ဤကဲ့သို့ဖြစ်မြောက်လာရန်အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘေးကင်းရေးနှင့်မြန်မာပြည်သူများ အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိရန်လိုအပ်သလိုယခုလည်း လိုအပ်နေပါသည်ဟု Stavros Lambrinidisကဆက်လက်ဆွေးနွေးသည်။ အီးယူနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံ၏ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပံ့ပိုးကူညီရန် သင့်လုပ်ငန်းနှင့် ကြိုးပမ်းအားထုတ်မှုများအတွက် ကျွန်ုပ်တို့၏ အပြည့်အဝ ထောက်ခံမှုကို ဖော်ပြပါသည်။ ဤကိစ္စတွင် အာဆီယံအပါအဝင် သက်ဆိုင်သူအားလုံးနှင့် သင်၏ဆွေးနွေးမှုနှင့် ထိတွေ့ဆက်ဆံမှုသည် အရေးကြီးပါသည်၊ သို့သော် ဤကြိုးပမ်းမှုတွင် သင့်အား ကျွန်ုပ်တို့အားလုံး ထောက်ခံရန် လိုအပ်ပါသည်ဟုလည်းသူကဆက်လက်ဆွေးနွေးခဲ့သည်။

အဲမောင်း

By admin

Leave a Reply

Your email address will not be published. Required fields are marked *