မဲဆောက်မှာ E-Bike ဘတ္ထီစက်ဘီးတွေဖမ်းဆီးနေမှု မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေအခက်တွေ့နေ

ဇွန်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့ပေါ်မှာ ယာဉ်မတော်တဆမှု လျှော့နည်းရေးစီမံချက်အနေနဲ့ E-Bike ဘတ္ထီစက်ဘီးတွေ ဆက်တိုက်ဖမ်းဆီးနေမှု မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေအခက်တွေ့နေတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ဒီရက်ပိုင်းအတွင်း မဲဆောက်မြို့ပေါ်ရှိ လူစည်းကားရာနေရာတွေမှာ ပုလိပ်နဲ့ ယာဉ်ထိန်းတွေက ဂိတ်ချပြီး ဆက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပြီး E-Bike ဘတ္ထီစက်ဘီးစီးသူတွေအတွက် သွားရေးလာရေးအခက်အခဲဖြစ်နေတာဖြစ်ပါတယ်။ “E-Bike ဘတ္ထီစက်ဘီးက မြန်မာတွေ အဓိကထားစီးကြတာ။ ကျောင်းကြိုအပို့၊ ဈေးသွား၊ အလုပ်သွားပေါ့။ အခုကပုလိပ်တွေက မတရားဖမ်းနေတော့ ဝယ်ထားတဲ့သူတွေမစီးရဲတော့ဘူး။

ဖမ်းပြီးစခန်းမှာ အပြီးသိမ်းပစ်တာ။ အလုပ်အသွားအပြန်အဆင်မပြေဘူး။ ကျောင်ကြိုပို့လုပ်မရတော့ အိမ်က ကျောင်းသားတွေကို ပို့ဖို့တောင်အခက်အခဲဖြစ်တယ်။ သူတို့နိုင်ငံနေရတော့ သူတို့ဥပဒေဆိုပေမယ့် ဒီအခက်အခဲကို ထိုင်းအာဏာပိုင်တွေဘက်က စာနာသင့်တာပေါ့”လို့ရွှေ့ပြောင်းအလုပ်သမားတဦးကပြောပါတယ်။လက်ရှိ မဲဆောက်မြို့အတွင်း ယာဉ်ထိန်းနဲ့ပုလိပ်တွေဟာ E-Bike စီးနင်းသူတွေကို ဖမ်းဆီးပြီး ရဲရုံးခေါ်ကာ ပစ္စည်းသိမ်းနေတာကြောင့် E-Bike ဝယ်စီးနေသူတွေဟာ မစီးရဲတော့ဘဲ ခြေလျင်(သို့)စက်ဘီးတွေပြောင်းစီးနေရတာဖြစ်ပါတယ်။

#သောင်ရင်းသတင်းလွှာ #ထိုင်းမြန်မာနယ်စပ် #မဲဆောက် #E-Bike #ထိုင်းရဲဖမ်းဆီနေ

By admin

Leave a Reply

Your email address will not be published. Required fields are marked *