မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော တောင်ကိုရီးယား နိုင်ငံသား ၃ ဦးကို လွှဲပြောင်းပေးအပ်ခဲ့

ဇွန်လ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့်ဖြစ်စေ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဖြစ်စေမြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယားနိုင်ငံသား (၃)ဦးအား ကရင်ပြည်နယ် မြဝတီမြို့နယ် ကျောက်တော်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ယနေ့(ဇွန်လ ၁ ရက်) က တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်ဟု Asia News Newwork သတင်းစာမျက်နှာက ဇွန်လ ၁၁ရက်တွင်ဖော်ပြသည်။ ယင်းတို့သည် ကရင်ပြည်နယ်မြဝတီမြို့နယ် ရွှေကုက္ကို၊ မယ့်ထော်သလေး (KK Park) နှင့် ကေျာက်ခက်ကျေးရွာတို့မှအွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြသည်ဟုဆိုသည်။


မြန်မာနိုင်ငံမှ တာဝန်ရှိသူများက နေရပ်ပြန်ပို့ခြင်းဆိုင်ရာ စာရွက်စာတမ်းများကို သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုဆိုသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၉,၁၁၄ ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ၈,၇၅၄ ဦးမှာ ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ကျန်နိုင်ငံခြားသား ၃၆၀ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *