လေးရှားနိုင်ငံTangkakမြို့တွင် ဓားနှင့်အထိုးသတ်ခံခဲ့ရသောမြန်မာအမျိုးသားတဦးကိစ္စဂျိုဟိုးရဲများက UNHCR ကတ်ကိုင်ဆောင်ထားသူဟုသံသယရှိသူကို လိုက်လံရှာဖွေနေ

ဇွန်လ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူအားဟင်းရွက်ဓားဖြင့် လည်ချောင်းကိုလှီးဖြတ်သတ်ပြီးနောက် သီတင်းနှစ်ပတ်မပြည့်သေးသောအချိန်တွင်အခြားလူသတ်မှုတစ်ခုကြောင့်Tangkak,မြို့ ဂျိုဟိုးခရိုင်တွင် လှုပ်ခတ်သွားခဲ့ပြီး ယခုတစ်ကြိမ်တွင် နိုင်ငံခြားသားနှစ်ဦးပါဝင်ခဲ့ဟု Malay Mail သတင်းကဇွန်လ ၁၂ ရက်တွင်ဖော်ပြသည်။Jalan Kemajuan အငှားအိမ်တွင် ဇွန်လ ၁၁ရက်နေ့ည ၇ နာရီခန့်က မြန်မာအမျိုးသားတစ်ဦးဓားဖြင့်ထိုးခံရပြီး သေဆုံးခဲ့ကြောင်း Harian Metro တွင် ဖော်ပြချက်အရ သိရသည်။ အခင်းဖြစ်ပွားပြီးနောက်နေရာမှ ထွက်ပြေးသွားသည့် အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား သံသယရှိသူနှင့်အသတ်ခံရသူတို့အကြား စကားများ ရန်ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Tangkak ရဲမှူး Roslan Mohd Talib က သံသယရှိသူဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်ကို ကိုင်ဆောင်ထားတယ်လို့ ပြောသည်။ သံသယရှိသူအား ခြေရာခံနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သတင်းရရှိသူ မည်သူမဆို Tangkak ခရိုင်ရဲတပ်ဖွဲ့ဌာနချုပ် (IPD) hotline 06-9785222 သို့မဟုတ် 019-2699573 သို့ ဆက်သွယ်စုံစမ်းရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။ ဇွန် ၂ ရက်က Bukit Gambir မြို့ရှိ Taman Cahaya နေအိမ်တွင် အပြင်းအထန်ရန်ဖြစ်ခဲ့ပြီးနောက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ တရားခံက ရဲစခန်းတွင်လာရောက်အဖမ်းခံခဲ့ပြီးနောက်နောက်တစ်နေ့တွင်ယင်းအမှု ပေါ်ပေါက်ခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *