ရုရှားနှင့် မြန်မာတို့ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ် ခရီးသွားလာရေး ဆွေးနွေး

ဇွန်လ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ ရုရှားနှင့် မြန်မာတို့သည် နိုင်ငံသားများအတွက် ဗီဇာကင်းလွတ် ခရီးသွားလာရေး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ဇွန်လ ၁၃ရက်က Asia News စာမျက်နှာတွင်ဖော်ပြသည်။ ရုရှားနိုင်ငံ၌ ရောက်ရှိနေသော စစ်အုပ်စု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၀ ရက်က ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးနှင့် ၎င်း၏အဖွဲ့တို့ တွေ့ဆုံစဉ် ယင်းကိစ္စကို ဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံ အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူချင်း ဖလှယ်ရေး ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ခရီးစဉ်များ (FAM Trips) များ ကျင်းပရေး၊ မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ မြန်မာ-ရုရှား နိုင်ငံသားများ အပြန်အလှန် ဗီဇာ ကင်းလွတ် သွားလာရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ခရီးသွား ပြပွဲများတွင် ရုရှား ဝန်ထမ်းများ ပူးပေါင်း ပါဝင်နိုင်ရေး၊ မြန်မာ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည်။ ထို့အပြင် မြန်မာ့ဟိုတယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော Cosmos Hotel Group နှင့် BN Group တို့မှ ရုရှားရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံကာ မြန်မာ့ကမ်းခြေများနှင့် ခရီးသွားဆွဲဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ရှေ့ပြေးပရောဂျက်ကို ဆောင်ရွက်လိုပါက ကူညီပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *