ဇွန်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာသည့်အခါ အထူးသဖြင့်ဆင်းရဲပြီးအပြစ်မဲ့ ကလေးငယ်များ ဒုက္ခရောက်နေကြရသည်။ ထို့ကြောင့် မနက်ဖြန်ကမ္ဘာ့ဒုက္ခသည်များနေ့ နီးကပ်လာသည်နှင့်အမျှ ထိုင်းအာဏာပိုင်များသည် ဒုက္ခသည်ကလေးငယ်များနှင့် သူတို့ကို ပံ့ပိုးပေးသော မိဘများအား တရားဥပဒေနှင့် ကျင့်ထုံးများတွင် တန်းတူညီမျှအခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိရှိ ပံ့ပိုးပေးနိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မှာဆိုလျင် ကလေးဒုက္ခသည်များကို နေရာအနှံ့တွင်တွေ့နေရပါသည်။ တက်ခ်ခရိုင်တွင် တည်ရှိသော အဆိုပါမြို့သည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထွက်ပြေးလာသည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များအတွက် ခိုလှုံရာနေရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုကလေးငယ်အချို့သည်ရှင်သာမဏေများအဖြစ်သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ကြပြီး နံနက်ဈေးတွင် ဆွမ်းခံနေကြရင်းအများစုမှာ ကျောင်းနှင့် စာသင်ခန်းများသို့ သွားရာလမ်းတွင် ယူနီဖောင်းဝတ်ထားသည့် ကျောင်းသားများဖြစ်ကြပြီး သူတို့ထဲမှ အများစုသည် နက်နက်ရှိုင်းရှိုင်းကြောက်လန့်နေကြပြီး အထီးကျန်သူများဖြစ်ကြကာ ဒုက္ခမရောက်အောင် ကြိုးစားကြရပါသည်။
မဲဆောက်တွင် ဒုက္ခသည်များ ရှိနေခြင်းသည် ထိုင်းအစိုးရအတွက် နိုင်ငံရေးအရ အဆင်မပြေဖြစ်ပြီး လူထုနှင့် တရားဝင် ဆွေးနွေးမှု အများအပြား မရှိပေ။ ဝင်ရောက်လာမှုအတိုင်းအတာကို အသိအမှတ်ပြုခြင်းဆိုသည်မှာ မြန်မာစစ်အစိုးရ၏ စစ်ရာဇ၀တ်မှုများဖြစ်သည့် ပြဿနာ၏ မောင်းနှင်အားများကို အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။ အသိအမှတ်ပြုမှုသည် ဘန်ကောက်နှင့် နေပြည်တော်ကြား သာယာသော ဆက်ဆံရေးကို ထိခိုက်စေရုံသာမက မြန်မာဒုက္ခသည်များအတွက် စစ်မှန်သော အကာအကွယ်နှင့် သာတူညီမျှသော ဝန်ဆောင်မှုများ ပေးဆောင်ခြင်းဖြင့်လည်း ထိုင်းအာဏာပိုင်များကို အရေးယူဆောင်ရွက်ရန် တာဝန်ရှိပါသည်။ထိုင်းအစိုးရသည် ထိုသို့လုပ်ဆောင်ရန် တွန့်ဆုတ်နေပုံရသည်။ ၎င်းသည် မှန်ကန်သောအသုံးအနှုန်းထက် – ဒုက္ခသည်များဟု ရည်ညွှန်းသည့် အဘိဓာန်အခေါ်အဝေါ်ကိုပင် “မြန်မာရွှေ့ပြောင်းနေထိုင်သူများ” အဖြစ် ရည်ညွှန်းခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် သင့်လျော်သော တရားဥပဒေဆိုင်ရာ အဆင့်အတန်းမရှိခြင်းသည် မဲဆောက်ရှိ မြန်မာဒုက္ခသည်များကို ခေါင်းပုံဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့်သက်ဆိုင်ရာနိုင်ငံမှအာဏာပိုင်များလက်သို့ အတင်းအကြပ်ပြန်ခိုင်းခြင်း သံသရာသို့ ဦးတည်စေခဲ့သည်။ မဲဆောက်အခြေစိုက် လူမှုရေး လုပ်သားများသည် ရွှေ့ပြောင်းဒုက္ခသည်များနှင့် ဒုက္ခသည် အသိုင်းအဝိုင်းများကြား အိမ်တွင်းအကြမ်းဖက်မှုများ မြင့်တက်လာကြောင်း အစီရင်ခံတင်ပြခဲ့ရာ ဒုက္ခသည်ကလေးငယ်များ အလွဲသုံးစားပြုမှုဒဏ်ကို ခံခဲ့ရသည်။
အန္တရာယ်ရှိသော တရားရေးအခြေအနေအရ ဒုက္ခသည်များပါ၀င်သည့် တရားရေးဆိုင်ရာ အမှုအခင်းအများစုကို လျစ်လျူရှုခြင်း သို့မဟုတ် ဖျန်ဖြေခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်သော်လည်း ကျူးလွန်သူများသည် ပြစ်ဒဏ်များ ခံရခဲပါသည်။ ဤဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးသည် အဓိကပြဿနာတစ်ခုအဖြစ် ရှိနေသေးသည်။ အများသူငှာ ကျန်းမာရေး အာမခံ အစီအစဉ်များကို တန်းတူညီမျှစွာ ရယူခွင့်မရှိလျှင် မြန်မာဒုက္ခသည် အများအပြားသည် NGO မှ ကြီးမှူးသော ဆေးခန်းများကို မှီခိုနေကြရသည်။ ဤဆေးခန်းများအတွက် ရန်ပုံငွေအားလုံးကို ဖြတ်တောက်ရန် အမေရိကန်သမ္မတ Donald Trump ၏ အစိုးရအဖွဲ့က ဆုံးဖြတ်ချက်သည် ဆိုးရွားစွာ သက်ရောက်မှုရှိသည်။ အစားထိုးရန်ပုံငွေများဖြင့်ကယ်ဆယ်နိုင်ခြင်းမရှိပါက ၎င်းတို့၏ဝန်ဆောင်မှုအများစုသည် လာမည့်လတွင် ရပ်တန့်ရမည်ဟု ဝန်ဆောင်မှုပေးသူများက ပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒုက္ခသည်များ ပူးပေါင်းငွေပေးချေမှု ရွေးချယ်ခွင့်ကို ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း ဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့် ပေးမှသာ ဖြစ်နိုင်မည်ဖြစ်သည်။ အမှန် တကယ်တော့ ဤဒုက္ခသည်အားကို အလုပ်ပါမစ်များ ပေးခြင်းက လူကြီးများ ဂုဏ်သိက္ခာ ပြန်ရန်နှင့် မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်ပြီး ဒေသတွင်း စီးပွားရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏နှစ် ၂၀ရှိပြီဖြစ်သော “အားလုံးအတွက် ပညာရေး” မူဝါဒကြောင့် မြန်မာဒုက္ခသည်ကလေးငယ်များအတွက် ပညာရေးသည် ကျေးဇူးတင်စရာကောင်းပြီး တောက်ပသည့်အရာတစ်ခုဖြစ်သည်။
မဲဆောက်ရှိ စာသင်ကျောင်းများနှင့် ရွှေ့ပြောင်းသင်ကြားရေးစင်တာများသည် ၎င်းတို့၏ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေ မည်သို့ပင်ရှိစေကာမူ ကလေးအားလုံးကို လက်ခံပါသည်။ သို့သော်လည်း စိန်ခေါ်မှုများ ရှိနေသေးသည်။ ပညာရေးဝန်ကြီးဌာန၏ ထီးရိပ်အောက်တွင် မရှိသော အဆိုပါ သင်ကြားရေးစင်တာများအတွက် ရေရှည်တည်တံ့သော ရန်ပုံငွေရှာဖွေရန် လိုအပ်နေပါသည်။ ထိုင်းနှင့် ဒုက္ခသည် ကျောင်းသားများနှင့် မိဘများကြား ခွဲခြားဆက်ဆံမှုများလည်း ရှိနေသည်ယင်းကိုကျော်လွှားရန်လည်လိုအပ်သည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC) ၏ အပိုဒ် ၂၂ ပါ ကန့်သတ်ချက်ကို ထိုင်းအစိုးရက ယမန်နှစ်တွင် ရုပ်သိမ်းခဲ့သည်။ ဤဆုံးဖြတ်ချက်သည် ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၄တွင် အသက်ဝင်ပါသည်။ CRC ၏ အပိုဒ် ၂၂ သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေနေသော ကလေးများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ရေးနှင့် အခြားဝန်ဆောင်မှုများရရှိရေး သဘောတူညီချက်နှင့် ထိုင်းနိုင်ငံ၏နိုင်ငံတော်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ စာရွက်စာတမ်းများတွင်ပါရှိသည့် ကလေးသူငယ်များနှင့် တန်းတူအခွင့်အရေးများကို ပြဋ္ဌာန်းထားသည်။
CRC တွင် ကြိုတင်စာရင်းသွင်းထားမှုကို ရုပ်သိမ်းလိုက်ခြင်းသည် ထိုင်းအစိုးရကမကြာသေးမီက မိတ်ဆက်ခဲ့သည့် အမျိုးသားစိစစ်ရေးယန္တရား (NSM) မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်မှ စတင်သက်ရောက်သည့် တရားမျှတမှုမရှိဘဲ နှိပ်စက်ညှဉ်းပန်းခံရမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏နေရပ်နိုင်ငံသို့ ပြန်ရန်ဆန္ဒမရှိကြသူများအား “ကာအကွယ်ပေးရမည့်သူ” အဖြစ်အဆင့်အတန်းပေးထားသည်။ ယင်းသည်အရေးကြီးပြီး အလားအလာရှိသည့်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်သည်။ သို့တိုင်၊ အဓိပ္ပါယ်ရှိသော လုပ်ဆောင်ချက်မရှိဘဲ၊ ဤအလားအလာရှိသော ဖွံ့ဖြိုးတိုးတက်မှုသည် ပြရုပ်သဘောသာ ဖြစ်လိမ့်မည်။ အရေးယူခြင်းမရှိဘဲ ထိုင်းနိုင်ငံရှိ ဒုက္ခသည်ကလေးငယ်များ အထူးသဖြင့် မြန်မာကလေးငယ်များ၏ အနာဂတ်သည် ယခင်ကကဲ့သို့သာ မရေမရာ ဖြစ်နေမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် “အားလုံးအတွက် ပညာရေး” မူဝါဒကို အလွန်တန်ဖိုးထားပြီး လုပ်ဆောင်နိုင်သည့် စံနမူနာတစ်ခုအဖြစ် ရပ်တည်နေသော်လည်း ကမ္ဘာ့ဒုက္ခသည်များနေ့ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်အသိုင်းအဝိုင်းများ အစိုးရထံမှ ယခုလိုအပ်နေသည့်အရာမှာ “အားလုံးအတွက် အခွင့်အရေးများ” ဖြစ်စေရန် ကတိကဝတ်တစ်ခုဖြစ်ပါသည်။
အဲမောင်း
ဘန်ကောက်ပို့စ်တွင်ဖော်ပြသည့် Myanmar kids need ‘rights for all’Please credit and share this article with others using this link:ကိုပြန်ဆိုပါသည် ။ရေးသားသူPuttanee Kangkun သည် Fortify Rights ၏ ဒါရိုက်တာဖြစ်သည်။ Patrick Phongsathorn သည် Fortify Rights မှ ထောက်ခံအားပေးရေး အထူးကျွမ်းကျင်သူဖြစ်သည်။ ဆောင်းပါးသည် ဇွန်လ ၂၀ ရက်နေ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ကိုရည်ညွှန်းခြင်းဖြစ်သည်။