ဇွန်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံမဲဆောက်မြို့မ ရဲစခန်းမှရဲများရပ်ကွက် အုပ်ချုပ်ရေးမှူး၊ လဝက အရာရှိများ၊ အလုပ်သမားအရာရှိများ နှင့် အခြား သက်ဆိုင်ရာ အေဂျင်စီ များ သည် အငှား သုံးဘီးဆိုက်ကယ်(ဆန်ပလော) ယာဉ်မောင်း အဖြစ် လုပ်ကိုင် နေသော မြန်မာ လူမျိုးများ ကို ဖမ်းဆီးနှိမ်နင်းရန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်ဟု Thsi PBS North သတင်းစာမျက်နှာက ဇွန်လ ၂၀ရက်နေ့တွင်ဖော်ပြသည်။
မဲဆောက်မြို့မ သားငါးစျေးနှင့် အခြားအထွေထွေ နေရာများတွင် ခရီးသည်များ နှင့်ကုန်ပစ္စည်းများ တင်ဆောင်ခြင်း မပြုရန် တာဝန်ရှိသူများက ထိုင်းလူမျိုးတို့သာလုပ်ကိုင်ခွင့်ရှိသောအလုပ်များအား ခိုးယူသော နိုင်ငံခြားသားများကို နှိမ်နင်းရန် ဆိုရှယ်မီဒီယာတွင် ဒေသခံထိုင်းများကအာဏာပိုင်များကို တောင်းဆိုတိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်းသတင်းကဆိုသည်။
ထို့အပြင် မဲဆောက်မြို့မျစျးအတွင်းရှိဆိုင်များကိုလည့းဝင်ရောက်စစ်ဆေးကာ အလုပ်လုပ်ကိုင်သူမြန်မာများကိုလည်းဖမ်းဆီးခဲ့ကြောင်းလည်းသတင်းရရှိသည်။
“ယခုလက်ရှိမဲဆောက်စျေး အခြေနေမကောင်းပါ ဆိုင်တွေတော်တော်များများပိတ်ထားကြတယ်ရှင့် (လူလုံးဝမရှိဘူး)စျေးရောင်းဆွမ်းလောင်းပြီးမနက်အစောကြီးဆိုသရဲခြောက်မှာတောင်ကြောက်ရတယ်၊လုပ်စားတော့မိုးခေါင် ခိုးစားတော့ ခွေးဟောင်ဆိုသလိုပဲ စျေးဆိုင်တွေပိတ်/လူတွေလဲမရှိ ဒီနေ့မိုးမရွာလို့တော်သေးတယ် အရင်တိုင်းရောင်းပန်းသာလို့ဝယ်ပန်းလှကြပါစေရှင့်”ဟုမဲဆောက်မြို့တွင်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးကပြောသည်။
အခြားမြန်မာအမျိုးသားတစ်ဦးကလည်း”ဆန်ပလောတင်မကဘူး လျှပ်စစ်ဘီးတွေကိုပါဖမ်းနေတာ တစ်ပါတ်ကျော်ပြီ၊ဆန်ပလောကနောက်မှဖမ်းတာ၊ဟိုးနှစ်ရက်လောက်ကဆိုရင်ဖိုးထူးကုန်းဘက်မှာ လမ်းသွားလမ်းလာတွေကိုပါစစ်တာ၊လျှပ်စစ်ဘီးတွေကိုဖမ်းနေတော့ကလေးကိုကျောင်းပို့ဖို့ပါခက်သွားတယ်”ဟုပြောသည်။