ဇွန်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လွန်ခဲ့သည့်တစ်နှစ်ခန့်က မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစိုးရဆန့်ကျင်ရေး အင်အားစုအများအပြားကစစ်အာဏာရှင်နှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များက တွန်းလှန်တိုက်ခိုက်နေသော ပြည်တွင်းစစ်သည် သူတို့၏အောင်ပွဲဖြင့် နောက်ဆုံးတွင် ပြီးဆုံးသွားကြောင်း ပေါ်လွင်ခဲ့သော်လည်း ယခုအခါ အခြေအနေမှာ ပိုမိုရှင်းလင်းသွားပုံရသည်။ အစိုးရဆန့်ကျင်ရေး အင်အားစုများသည် ထင်ရှားသော အကျိုးအမြတ်များ နှင့် ထူးထူးခြားခြား အောင်ပွဲများကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ၎င်းတို့သည် မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သော အချက်ကျသောအချာနေရာသို့ ကြီးကြီးမားမား ထိုးဖောက်ဝင်ရောက်ခြင်း မရှိခဲ့ပေ။ တချိန်တည်းမှာပင်နိုင်ငံတွင်း ပိုက်လိုင်းကို ကာကွယ်ရန်ကြိုးစားနေသည့်တရုတ်နိုင်ငံသည် မကြာသေးမီကမှ စစ်အစိုးရကို ထောက်ခံမှု တိုးမြှင့်ခဲ့ပြီး တရုတ်နယ်စပ်အနီးမှာ လှုပ်ရှားနေသောလက်နက်ကိုင်ဆန့်ကျင်သူအတိုက်အခံအဖွဲ့များကို အရေးပါသော နယ်မြေကို စွန့်လွှတ်ရန်လည်း ဖိအားပေးခဲ့ပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လအနည်းငယ်ကြာတွင် စတင်ခဲ့သော ရှည်လျားသည့်သွေးထွက်သံယိုတိုက်ပွဲများနှင့်ယခုနှစ်တွင်လည်း ပြင်းထန်သော ငလျင်ဒဏ်ကို ခံစားခဲ့ရသဖြင့်နိုင်ငံသည် ပျက်စီးသွားခဲ့သည်။
စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း ACLED က ၎င်းအား ကမ္ဘာပေါ်တွင် ဒုတိယ အကြမ်းအဖက်ဆုံးနေရာအဖြစ် အဆင့်သတ်မှတ်ထားပြီး မြန်မာနိုင်ငံသည် ယခုအခါကျရှုံးနိုင်ငံအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီနေပြီဖြစ်သည်။ အမည်ခံစစ်အစိုးရသည် တိုင်းပြည်၏ ကြီးမားသော နယ်မြေများကို မထိန်းချုပ်နိုင်တော့ဘဲ နိုင်ငံ့ဝန်ဆောင်မှုပုံစံဖြင့် မည်သည့် အရာမျှ ဆောင်ရွက်ပေးခြင်းမရှိတော့ပါ။ လွန်ခဲ့သည့် လေးနှစ်အတွင်း ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုတို့သည် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး အကူအညီပေးရေးအဖွဲ့ အနည်းငယ်သာ တိုင်းပြည်အတွင်း လည်ပတ်နိုင်ခဲ့သဖြင့် ပျက်ဆီးနေသော စီးပွားရေးအပြင် တိုင်းပြည်လည်း ဆက်လက်ပြိုလဲသွားပုံရသည်။ ဤသည်မှာ ကြေကွဲစရာဖြစ်ပြီး စစ်ရာဇ၀တ်မှုများဟု အခိုင်အမာ စွပ်စွဲခံထားရသော ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရ၏ ရလဒ်ဖြစ်သော်လည်း၊ ဤကျရှုံးနိုင်ငံတွင်၊ နိုင်ငံတော်အဆင့်မဟုတ်သောရာဇ၀တ်မှုကျူးလွန်သူများသည်ဒေသတွင်းနှင့် ကမ္ဘာကို သက်ရောက်မှုများ အားကောင်းလာပါသည်။ မြန်မာနိုင်ငံတွင် ကြီးမားသော ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများကိုပိတ်သိမ်းရန် တရုတ်နိုင်ငံက ကြိုးပမ်းနေသော်လည်း တရားဥပဒေမဲ့နိုင်ငံသည် တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများတွင် လူများကို ပစ်မှတ်ထား၍ ဆိုက်ဘာလိမ်လည်မှု၏ ဗဟိုချက်ဖြစ်လာသည်။
စစ်အစိုးရတပ်များနှင့် သူပုန်တပ်များ နှစ်ဖက်စလုံးသည် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများမှအခွန်အခများကို အလွတ်သဘော ကောက်ခံခြင်းဖြင့် ရန်ပုံငွေ ရရှိကြသည်။ အချို့သော လိမ်လည်လှည့်ဖြားမှုများသည် ငွေကြေးအလိမ်အညာများဖြစ်ပြီး အချို့မှာ အတုအယောင်အချစ်ဇာတ်လမ်းများဖြစ်ကြသည်နောက်ဆုံးတွင် ပစ်မှတ်ထားခံရသူများကို အွန်လိုင်း “ရည်းစားအတု” ထံ ငွေပေးဆောင်ရန် စွဲဆောင်တွန်းအားပေးကြသည်။ ဆိုက်ဘာလိမ်လည်လှည့်ဖြားမှုများတွင်လည်း မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး ခေတ်သစ်ကျွန်ပြုမှုဖြင့် ချုပ်နှောင်ထားခံရသူ သိန်းနှင့်ချီရှိနေကြသည်။ ထို့နောက်သူတို့သည်ကမ္ဘာတစ်ဝှမ်းရှိလူများကိုလိမ်လည်စွဲဆောင်လျက်ရှိနေကြသည်။ ၎င်းတို့သည် လေးနှစ်အတွင်း အရှေ့တောင်အာရှတွင် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံကျော် လိမ်လည်ခဲ့ပြီး အမေရိကန်ကို ပစ်မှတ်ထားသောလိမ်လည်မှုများတွင်နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရှိနေပြီဖြစ်သည်။ ပိုမိုကျယ်ပြန့်စွာ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုများအတွက် လက်ရှိတွင်ဗဟိုအချက်အချာဖြစ်လာသည်ဟု Global Organized Crime Index အရ သိရသည်။ ဆိုက်ဘာလိမ်ညာမှုများသာမက – မြန်မာမူးယစ်ဆေးဂိုဏ်းများသည် ၎င်းတို့၏ အစွမ်းထက် ဓာတုဆေးဝါးများ ထုတ်လုပ်မှုကို မြှင့်တင်ခဲ့ပြီး ဒေသတွင်း အနှံ့ ရောင်းချကာ ကမ္ဘာအနှံ့ တင်ပို့ကာ ၎င်းတို့အား မက်သာဖက်တမင်းနှင့် ဓာတုဆေးဝါးများတွင် အကြီးမားဆုံးသော နိုင်ငံတကာ ဖြန့်ဖြူးသူများအဖြစ် မက်သမ်ဖက်တမင်းနှင့် ဓာတုပေါင်းစုဆေးဝါးများ ကဲ့သို့သော ဓာတုဆေးဝါးများ အများအပြား ထုတ်လုပ်ခဲ့ရာ အများစုသည် ဒေသတွင်းနှင့် မြောက်အမေရိကသို့ နောက်ဆုံးတွင် ပျံ့နှံ့သွားခဲ့သည်။ရွာသားများအား ဘိန်းမှလွဲ၍ အခြားသီးနှံများ မစိုက်ပျိုးရန် တွန်းအားပေးသည့် နိုင်ငံတကာ မှလူ၊အဖွဲ့အစည်းများကြောင့်လည်း စစ်ပွဲအတွင်း မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု တိုးမြင့်လာကာ ယခုအခါ မြန်မာနိုင်ငံသည် ဘိန်းဖြူအဓိက ပစ္စည်းများ အများဆုံး ပံ့ပိုးပေးနေသည့် နိုင်ငံဖြစ်ကြောင်း New York Times က ခန့်မှန်းထားသည်။
ပြင်ပကမ္ဘာနှင့် ချိတ်ဆက်မှုအများစုကို ဖြတ်တောက်ပြီး နိုင်ငံခြားလူ၊အဖွဲ့အစည်းများအား(တရုတ်မှလွဲ၍) ဒဏ်ခတ်ပိတ်ဆို့မှုများစွာသည်မအောင်မြင်သည့်အခြေအနေတွင် ပြည်တွင်းလှုပ်ရှားမှုများကို မထိခိုက်စေနိုင်သဖြင့် အခြားသော ရာဇဝတ်မှုကြီးကြီးမားမားလုပ်ဆောင်မှုများသည် နိုင်ငံအတွင်း အမြစ်တွယ်သွားခဲ့သည်။ လူမှောင်ခိုကူးမှုသည် – ဆိုက်ဘာလိမ်လည်မှုစင်တာများအတွက်သာမက အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ လူကုန်ကူးခြင်းအတွက်ပါ အဓိကအားဖြင့် အတားအဆီးမရှိသောအခြေအနေတွင် သ်ု့ရောက်ရှိသွာခဲ့သည်။တရုတ်နိုင်ငံ၊ ထိုင်း သို့မဟုတ် ဒေသတွင်းရှိ အခြားဒေသများတွင် အလိုရှိသူအဖြစ်သတ်မှတ်ခံထားရသော နာမည်ကြီး ရာဇ၀တ်ကောင်များသည် ၎င်းတို့အားကိုင်တွယ်အရေးယူ၍မရသော မြန်မာနိုင်ငံသို့ ထွက်ပြေးသွားကြသည်။ ၎င်းတို့တွင် ကာကွယ်ထားသောတောရိုင်း တိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ကြီးမားသော၊ တရားမဝင် ကာစီနိုလောင်းကစားများတွင် ပါဝင်ပတ်သက်နေသူများ၊ သို့မဟုတ် ကြီးမားသော ချေးငွေအဖွဲ့များကို ဦးဆောင်သူများ၊ အခြားသူများ ပါဝင်ပါသည်။ စစ်ပွဲများ အရှိန်ပြင်းလာပြီး နိုင်ငံအကြောင်းကို စိတ်ဝင်စားမှု နည်းပါးသည့်အလှူရှင်များ ပေါ်လာသည့်အခါ အလားအလာက ဆိုးရွားပါသည်။ ထို့အပြင်ပြီ စနစ်တကျ ရာဇ၀တ်မှု စစ်ဆင်ရေးများသည် မအောင်မြင်သည့် အခြေအနေတွင်သူတို့၏တည်ရှိမှုကို ဤကျရှုံးနိုင်ငံ၌တိုးချဲ့နိုင်ပါလိမ့်မည်။
အဲမောင်း
Council on Foreign Relation စာမျက်နှာတွင်ဖော်ပြသည့် Joshua Kurlantzick ရေးသားသည့်
Organized Crime Is Thriving in Myanmar’s Civil War—and It’s a Global Threat ကိုပြန်ဆိုပါသည်။