ဇွန်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာန (ACTPD) မှ ရဲတပ်ဖွဲ့ဝင်များနှင့် အလုပ်အကိုင် ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ နိုင်ငံခြား သား ၁၅ ဦး၊ မြန်မာနိုင်ငံသား ၁၀ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦးတို့ကို လိုင်စင်မဲ့ ခဲယမ်းများ လက်ဝယ်ထားရှိမှု စွဲချက်ဖြင့် ဇွန်လ ၂၈ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည့် .၂၂ကျည် ၇ တောင့်၊ ပလပ်စတစ်ပုံးအတွင်းမှ ကျည် ၂၆ တောင့်၊ ဝ.၄၀ ကျည် ၂၁ တောင့်၊ ၉ မီလီမီတာ ကျည် ၂၁ တောင့်၊ ဝ.၄၅ ကျည် ၁၇ တောင့်၊ ၁၃၅ ကျည် ၁၃၅ တောင့်တိုသိမ်းဆီးရမိခဲ့သည်။ ချောင်ဘူရီခရိုင် Baan Bueng မြို့နယ်အတွင်းရှိ စက်ရုံများတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဤစစ်ဆင်ရေးသည် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အန္တရာယ်မြင့်မားသော အဆောက်အအုံများကို စစ်ဆေးရန် ပေါင်းစပ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပစ်မှတ်ထားသောနေရာများသည် အဓမ္မလုပ်အားပေးခိုင်းစေခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်းနှင့် အလုပ်သမားကုန်ကူးခြင်းအတွက် အန္တရာယ်မြင့်မားသည်ဟု ယူဆကြသည်။ ဖမ်းဆီးခံရသူအချို့သော ပုဂ္ဂိုလ်များတွင် သက်သေခံ စာရွက်စာတမ်းများ မပါရှိပါ။ ဖမ်းမိသူများသည် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး ချွန်ဘူရီခရိုင် ဘန်ဘောင်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ကနဦး စစ်ဆေးမေးမြန်းမှုတွေမှာ သံသယရှိသူတွေဟာ စွဲချက်အားလုံးကို ဝန်ခံခဲ့သည်ဟုသတင်းကဆိုသည်။