မြန်မာနှင့်ထိစပ်နေသောချင်းရိုင်ခရိုင်ရှိမြစ်များမှ အနည်အနှစ်များကို စစ်ဆေးရန် အေဂျင်စီများအား ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက သတိပေးထား

ဇွန်လ ၃၀၊ ၂၀၂၅။သောင်ရင်းသတင်းလွှာ
ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနသည် ချင်းရိုင်ခရိုင်ရှိ မြစ်သုံးစင်းတွင်သောင်တူးနေသည့် အစိုးရအေဂျင်စီများအား သယ်ယူခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမပြုမီ အနည်အနှစ်များကို သေချာစွာ စမ်းသပ်စစ်ဆေးရန် သတိပေးထားသည်ဟု The Nation ကဇွန်လ ၂၉ရက်တွင်ဖော်ပြသည်။ ဌာနသည် လက်ခံနိုင်သော အာဆင်းနစ်ညစ်ညမ်းမှု အဆင့်လေးဆင့်ကို ဖော်ပြသည့် လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်ခဲ့သည်။ Kok ၊Sai နှင့် Ruakမြစ်များမှ သောင်တူးထားသော အနည်အနှစ်များနှင့် သက်ဆိုင်ပြီး အဆိပ်ပြင်းသတ္တုနှင့် အာဆင်းနစ် များ ထိုင်းရေကြောင်းသို့ ဝင်ရောက်လာမည်ကို စိုးရိမ်မှုများ တိုးလာနေချိန်တွင် ယင်းတို့သည် အိမ်နီးချင်း မြန်မာမှသတ္တု တူးဖော်မှု များလုပ်နေခြင်းကြောင့် ဖြစ်သည်။ လက်ရှိတွင် ဆိပ်ကမ်းဦးစီးဌာန၊ တော်ဝင်ဆည်မြောင်းဦးစီးဌာန၊ ထိုင်းဘုရင့်တပ်မတော် ဖွံ့ဖြိုးတိုးတက်ရေးတပ်ဖွဲ့နှင့် အမှတ် ၃ တပ်မတော်နယ်မြေ အင်ဂျင်နီယာတပ်တို့ ပူးပေါင်း၍ မြစ်သုံးစင်းကို ရေကြီးရေလျှံမှုအန္တရာယ်လျှော့ချနိုင်ရန် သောင်တူးလျက်ရှိသည်။
သို့သော်လည်း ယင်းအနည်အနှစ်များသည် သယ်ယူပို့ဆောင်သည့်နေရာများတွင် သို့မဟုတ် စွန့်ပစ်သည့်နေရာများရှိ လူမှုအသိုင်းအဝိုင်းများနှင့် ဂေဟစနစ်များသို့ ညစ်ညမ်းစေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ တုံ့ပြန်မှုအနေဖြင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ ညစ်ညမ်းသော အနည်အနှစ်များကို ကိုင်တွယ်ရန် အောက်ပါ ဘေးကင်းရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။
1. အာဆင်းနစ် ≤ 6 mg/kg
အနည်အနှစ်များကို ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်ပါသည်။
2. အာဆင်းနစ် 7-25 mg/kg
အနည်အနှစ်များကို ယေဘူယျရည်ရွယ်ချက်များအတွက် အသုံးပြုသော်လည်း တိုက်ရိုက်ထိတွေ့မှုမဖြစ်အောင် အဆိုပါနေရာအား ဘိလပ်မြေဖြင့် အပြည့်ခင်းထားခြင်းမရှိပါက နေအိမ်ဆောက်လုပ်ရန်အတွက် အသုံးမပြုရပါ။

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *