ဟွန်ဆန် ဖုန်းခေါ်ဆိုမှု ကိစ္စနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ် Paetongtarn ကို တရားရုံးကရာထူးမှ ဆိုင်းငံ့လိုက်

ဇူလိုင်လ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကမ္ဘောဒီးယား အထက်လွှတ်တော် သမ္မတ ဟွန်ဆန်နှင့် အငြင်းပွားဖွယ် ဖုန်းပြောဆိုမှု နှင့် ပတ်သက်သည့် အမှုကို ထည့်သွင်း စဉ်းစားရန် ဝန်ကြီးချုပ် Paetongtarn Shinawatra အား ဇူလိုင် ၁ရက်နေ့တွင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ဆိုင်းငံ့ လိုက်သည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံး တရားသူကြီး ၉ ဦးက မစ္စ Paetongtarn ကို ဝန်ကြီးချုပ် အဖြစ် ဆက်လက် စဉ်စားရန် အဆိုကို လွှတ်တော် အမတ်များ၏ ပန်ကြားချက်ကို လက်ခံရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး ၇မဲ ၂ မဲဖြင့် ရာထူးမှ ယာယီ ရပ်ဆိုင်းခဲ့သည်။ မစ္စ Paetongtarn သည် ဇွန်လ ၃၀ရက်နေ့တွင် ၎င်း၏အစိုးရအဖွဲ့သစ်အတွက် တော်ဝင်ခွင့်ပြုချက်ဖြင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်နှစ်ရပ်ကို ပေးအပ်ထားခြင်းကြောင့် အစိုးရအဖွဲ့တွင် ဆက်လက်ရှိနေခြင်းဖြစ်သည်။ ဘုရင့်အမိန့်တော်ကို ဇူလိုင် ၁ရက်နေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။


အထက်လွှတ်တော်အမတ် ၃၆ ဦးမှ တင်သွင်းသည့် အဆိုပါ အသနားခံစာတွင် မစ္စ Paetongtarn နှင့် ဟွန်ဆန်တို့ကြား ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့သည့် အသံဖိုင်ကိစ္စကို စုံစမ်းစစ်ဆေးရန် တရားရုံးကို တောင်းဆိုခဲ့ပြီး တရားရုံးကသူ့ကိုရာထူးမှ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ အသံဖိုင်တွင် မစ္စ Paetongtarn သည် အမှတ် (၂) တပ်မတော် တိုင်းမှူးနှင့် ပတ်သက်၍ ကဲ့ရဲ့ ရှုတ်ချ ပြောဆိုကြောင်း ကြားသိရကြောင်း၊ကမ္ဘောဒီးယား၏ တောင်းဆိုချက်များကို လိုက်လျောရန် အဆင်သင့်ရှိကြောင်း စသည့်အကြောင်းအရာများပါဝင်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *