ဟိုပန်မြို့ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်တဲ့ကလေးငယ်အပါ၊ အမျိုးသမီး (၄) ဦးအား မုဒိမ်းကျင့် စော်ကားမှုနဲ့ UWSA မှရာထူးဆိုင်းငံ့လိုက်ပြီး လျော်ကြေးငွေယွမ် (၃) သိန်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ် – ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထား

– ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထား

ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်ရဲ့ လက်ရှိခရိုင်မှူး ရာထူးနဲ့တာဝန်ကို ယူထားတဲ့ တာ့ညီလင်းဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် စုစုပေါင်း အမျိုးသမီးငယ် (၄) ဦးကို မုဒိန်းကျင့် စော်ကားခဲ့ကြောင်း ပြစ်မှုထင်ရှားတာကြောင့် UWSA – တရားစီရင်ရေးဌာနက ဒီနေ့ သြဂုတ် ၁၆ ရက်နေ့မှာ လူထုရှေ့တရားစီရင် ချက် ချမှတ်ခဲ့တယ်လို့ ဟိုပန်မြို့သတင်းနဲ့ ပြန်ကြားရေးဌာနက “ဝ” လူငယ့်အသံကို အတည်ပြုပြောဆိုတယ်လို့ Wa News Land သတင်းကသြဂုတ်လ၁၆ရက်နေ့ကဖော်ပြပါတယ်။ အမျိုးသမီးငယ် (၄) ဦးထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး ပါဝင်ကာ (၂) ဦးမှာ မုဒိန်းမှု မြောက်ခဲ့ပြီး ကျန် (၂) ဦးမှာတော့ မုဒိန်းမှုမဖြစ်မြောက်ပဲ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာကို ခံခဲ့ရတာဖြစ်ပါတယ်။ အခုလိုမုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ခရိုင်မှူး တာ့ညီလင်းကို “ဝ” ပြည်နယ် တရားစီရင်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးတဲ့နောက် အယူခံမှာပါဝင်တဲ့ အချက်အလက်တွေကို ဥပဒေရုံးမှ တရားရုံးကို တင်ပြပြီး လူသက်သေ၊ နှုတ်သက်သေ၊ စာသက်သေနဲ့ မျက်မြင်သက်သေထွက်ဆိုချက်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ “ဝ”ပြည်နယ် အခြေခံဥပဒေ အခန်း(၄) ပုဒ်မ (၁၄၅)ပါ ပြဌာန်းချက်အရ တရားရုံးက စီရင် ချက်ချခဲ့ပြီး ၎င်းရဲ့လုပ်ရပ်ဟာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်နေကာ “ဝ”ပြည်နယ် အခြေခံဥပဒေ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ အခန်း(၄) ပုဒ်မ (၁၉၅) အရအဓမ္မပြု ကျင့်သူအား ထောင်ဒဏ် (၃) နှစ်အထက် (၁၀)အောက် ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ “အမှုကတော့ ၃ ခု ၄ ခုအဲ့လိုဖြစ်ခဲ့တာတွေ အားလုံးပေါင်း စစ်ဆေးပြီး စီရင်ချက်ချခဲ့တာပါ။ “ဝ” ပြည်နယ်၊ ဗဟိုရဲ့စီရင်ဆုံးဖြတ်ချက်အရ ရာထူးဖြုတ်တယ်။ နှစ်ရှည်ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်တယ်။ မုဒိန်းမှုမြောက်ခဲ့တဲ့ ၂ ယောက်ကို ယွမ်ငွေ ၁ သိန်းစီနဲ့ မထမြောက်ခဲ့တဲ့ ကျန် ၂ ယောက်ကိုတော့ တစ်ယောက် ယွမ် ၅ သောင်းစီ စုစုပေါင်း ယွမ် ၃ သိန်း လျော်ကြေးပေးဆောင်ရပါတယ်” ။

ဒါ့အပြင် ခရိုင်မှူးလက်အောက်မှာ တာဝန်ထမ်းဆောင်ကြတဲ့ ကြံရာပါ (၃) ဦး (ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်၊ ယဥ်ကျေးမှု အသင်း ခေါင်း ဆောင်) တို့ကိုလည်း လက်ရှိရာထူးကနေ အသီးသီးလျော့ချလိုက်ပြီး (၃) လစီ ယာယီရပ်နားထားတယ်လို့ ဆိုပါတယ်။ လက်ရှိလစ်ဟာနေတဲ့ ဟိုပန်မြို့ခရိုင်မှူးရာထူးနဲ့ ပတ်သက်လို့၎င်းက “ခရိုင်းမှူးရာထူး အစားထိုးတာနဲ့ ပတ်သက်ပြီး ရွေးချယ်ထားတာ မရှိသေးပါဘူး။ ဘယ်သူပြန်လာမလဲဆိုတာလည်း မသိရသေးဘူး။ အခုလို ဖြစ်စဥ်မျိုးနဲ့ မှားယွင်းမှုတွေ ထပ်ရှိမှာစိုးရိမ်တာကြောင့် အဲ့အတွက် အချိန်ထပ်ယူပြီးမှ ပြန်ရွေးကြမယ်လို့ ကြားသိရတယ်။ အချိန်အတိအကျတော့ မသိရသေးပါဘူးဗျ” အခုလို တာ့ညီလင်းအား စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်ခင်ကလည်း ဟိုပန်ခရိုင်အတွင်း အထက် လူကြီးရဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တဲ့ ဖြစ်စဥ်အခြေအနေတွေကို “ဝ” လူငယ့်အသံမှ ရေးသားဖော်ထုတ်ခဲ့ဖူးပါတယ်။ တရားစီရင်ချက် ချမှတ်တဲ့ အခမ်းအနားကို ဒီနေ့သြဂုတ် ၁၆ ရက်၊ မြန်မာစံတော်ချိန် နံနက် ၇ ခွဲ၊ တရုတ်အချိန် ၉ နာရီ၊ ဟိုပန်မြို့ယဥ်ကျေးမှုကွင်းထဲ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေကို တစ်အိမ်တစ်ယောက် လာရောက်ကြည့်ရှု့နားထောင်စေခဲ့ကြောင်း သိရှိရပါတယ်။ အခမ်းအနားကို “ဝ” ပြည်နယ် ဗဟိုကော်မတီမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ပေါက်အိုက်ခမ်း၊ ဘာသာရေးမှူး တာ့သောင်း၊ အမျိုးသမီးရေးရာဌာန ခေါင်းဆောင်၊ လုံခြုံရေးအဖွဲ့အသီးသီးနဲ့ ဟိုပန်ခရိုင် ကိုယ်စားပြု ဌာနအသီးသီးမှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *